ယောကျ်ားလေးတစ်ယောက်က သင့်ကို သဘောကျနေပြီဆိုတာကို သိချင်ရင်တော့ ဒီအကြောင်းအရာလေးကို အဆုံးထိ ဖတ်ကြည့်လိုက်ပါနော်။ ကိုယ့်ကို သဘောကျနေပြီဆိုရင် သူဘယ်လိုပုံစံမျိုး ပြုမူတတ်သလဲဆိုတာကို မျှဝေပေးလိုက်ပါတယ်နော်…

အကြည့်

သင်နဲ့စကားပြောတဲ့အခါ သူ့ရဲ့အကြည့်တွေက သင့်ကိုရင်းနှီးဖို့ ကြိုးစားနေတယ်။ ရင်းနှီးနိုင်မဲ့ အခွင့်အရေးတွေကို ရှာဖွေနေတတ်ပါတယ်။ သင့်ကို အမြဲအရိပ်တကြည့်ကြည့်လုပ်နေတတ်ပါတယ်။ မျက်လုံးဟာ နှလုံးသားရဲ့ တံခါးပေါက်ဆိုတဲ့အတိုင်းပဲ သူနဲ့ မျက်လုံးချင်ဆုံလိုက်တာနဲ့ သင်ရိပ်မိနိုင်ပါတယ်။

သူ့ရဲ့ ကိုယ်ဟန်အမူအရာ

ယောကျ်ားလေးတွေဟာ ကိုယ့်ကို သဘောကျနေပြီဆိုတာကို ကိုယ်ဟန်အမူအရာတွေနဲ့ ပြသလေ့ရှိပါတယ်။ မိန်းကလေးတွမှာတော့ ကိုယ့်ကို စိတ်ဝင်စားနေပြီဆိုတာ အလွယ်တကူသိနိုင်တဲ့ ဆဌမအာရုံ ရှိကြပါတယ်။

သင်ပြောသမျှကို သေချာနားထောင်တယ်

သင်စကားပြောတဲ့အခါမှာ မညည်းမညူဘဲ သေချာ ဂရုတစိုက်နားထောင်ပါတယ်။ ဆိုလိုတာကတော့ သင့်ကိုသူစိတ်ဝင်စားနေတယ်ဆိုတာကို ပြသချင်တာပါပဲ။ အဲဒီအခါမှာ သူ့အပေါ် သင်ဘယ်လိုသဘောထားတယ်ဆိုတာကို ပြသပေးပါ။

ပုဂ္ဂိုလ်ရေးဆိုင်ရာ မေးခွန်းတွေမေးတယ်

သင့်ကို တစ်ယောက်ယောက်က သဘောကျနေတယ် ဆိုပြီး မတင်မကျဖြစ်နေလား။ သင့်အပေါ်မှာ ပုဂ္ဂိုလ်ရေးနဲ့ဆိုင်တဲ့ မေးခွန်းတွေ အများအပြားမေးလာပြီဆိုရင် သေချာနေပါပြီ။ သင့်မှာ ချစ်သူရှိခဲ့ဖူးသလား။ မိသားစုဘယ်နှစ်ယောက်ရှိသလဲ။စသဖြင့် မေးခွန်းတွေ မေးတတ်ပါတယ်။ ကိုယ်သဘောကျရင်တော့ သေချာပြန်ဖြေပါ။ သဘောမကျဘူးဆိုရင်လည်း တစ်ခါတည်း သူစိတ်ပျက်သွားနိုင်တဲ့ထိ ပြောပါ။

သူ့ရဲ့ မျက်နှာအမူအရာ

သူ့ရဲ့မျက်နှာအမူအရာတွေက သင်နဲ့စကားပြောတဲ့အခါ အရမ်းကို ရင်းနှီးတဲ့ပုံပြနေတယ်။ သူ့ရဲ့မျက်လုံးတွေမှာလည်း သင့်ကို အရမ်းဂရုတစိုက်ရှိလှတယ်။ မျက်ခုံးတွေကို သွားတွေပေါ်အေင်ပြုံးလိုက်နဲ့ သင်စကားပြောတာကိုလည်း ဂရုတစိုက်နားထောင်တယ်။ ဒါဆိုရင် သူသင့်ကို စိတ်ဝင်စားနေပါပြီ။

သင့်ကိုဖွင့်ပြောမယ်

သူ့ရဲ့ကိုယ်ပိုင်နည်းလမ်းနဲ့ သင့်ကို သဘောကျကြောင်း ချစ်တဲ့အကြောင်းဖွင့်ပြောလာပါလိမ့်မယ်။

သင်နဲ့တွေ့ဖို့ ကြိုးစားမယ်

သင့်ရဲ့ ဖေ့ဘုတ်အကောင့်တောင်းတာ ဒါမှမဟုတ် ဖုန်းနံပါတ်တောင်းတာမျိုး သင်နဲ့ ဆက်သွယ်နိုင်မဲ့သူဆီ အကူအညီတောင်းတာမျိုးနဲ့ သင့်ကိုတွေ့ဖို့ အကြောင်းအမျိုးမျိုးပြ ကြိုးစားပါလိမ့်မယ်။

သူ့ရဲ့ သူငယ်ချင်း မိသားစုဝင်တွေနဲ့ မိတ်ဆက်ပေးတယ်

သင့်ကို စိတ်ဝင်စားနေတဲ့ ယောကျ်ားလေးတစ်ယောက်က သူ့ရဲ့ သူငယ်ချင်း မိသားစုဝင်စသဖြင့် သူ့အတွက်အရေးပါတဲ့ သူတွေနဲ့ သင့်ကို မိတ်ဆက်ပေးပါတယ်။ ဒါက ရည်ရွယ်ချက်အမျိုးမျိုးကြောင့်ဖြစ်နိုင်ပါတယ်။ အောင်သွယ်ဖို့ စစ်ကူတောင်းတာဖြစ်ဖြစ် သင့်ကို ဘယ်လိုနေလဲဆိုပြီး အမှတ်ပေးဆုံးဖြတ်ခိုင်းတာပဲဖြစ်ဖြစ်ပေါ့။

ဒီတော့ ဘယ်လိုပြန်ဖြေမလဲ။ သူ့ကိုသဘောကျလား။ မကျဘူးလား။