ဒီနေ့ခေတ်မှာ နားကြပ်အမြဲတမ်းတပ်ဆင်ပြီး သီချင်းနာထောင်းလေ့ရှိသူ၊ ဂိမ်းကစားလေ့ရှိသူတွေကို နေရာအနှံ့မှာ တွေ့မြင်နေရပါပြီ။ တစ်ချို့တွေဆိုရင် နားကြပ်တပ်ထားတယ်လို့ပြောပေမယ့် အသံတွေက ဘေးကလူတွေတောင် ကြားရတဲ့အထိ ကျယ်လောင်စွာ ဖွင့်ထားလေ့ရှိကြတယ်။

ဒီလို အမြဲတမ်း နားကြပ်တပ်ပြီး အသံတွေကျယ်လောင်စွာဖွင့်ထားခြင်းက ကျန်းမားရေးဆိုးကျိုးတွေ အများကြီးရှိတာကို သတိထားသင့်ပါတယ်။

ဒီနေ့ နားကြပ်တွေ အသုံးများခြင်းရဲ့ ဘေးထွက်ဆိုးကျိုးလေးတွေကို ပရိသတ်တွေသိအောင် မျှဝေပေးသွားမှာပါ။

အကြားအာရုံဆိုင်ရာပြဿနာများ

နားကြပ်သုံးတဲ့အခါ နားထဲကို အသံကတိုက်ရိုက် အနီးကပ်ဝင်ရောက်လာတာဖြစ်ပါတယ်။ 90 decibels ထက်ကျော်တဲ့အသံအတိုင်းအတာက အကြားအာရုံမှာ နောက်ဆက်တွဲထိခိုက်မှုတွေဖြစ်လာစေနိုင်ပြီး နားမကြားတော့တဲ့အထိ ဖြစ်စေနိုင်ပါတယ်။

100 decibels ထက်ကျော်တဲအသံနှုန်းနဲ့ ၁၅ မိနစ် လောက် နားထောင်ရုံနဲ့ပဲ ဒီအန္တရာယ်ကို စိတ်ပူရပါတယ်။အကယ်၍ နားကြပ်ကို သုံးရတော့မယ်ဆိုရင်တော့ နားကိုမကြာခဏအနားပေးတာဖြစ်ဖြစ် အသံအကျယ်ကြီးမဖွင့်ပဲ ကြားလောက်ယုံဖွင့်တာဖြစ်ဖြစ် လုပ်သင့်ပါတယ်။

ဦးနှောက်ဆိုင်ရာပြဿနာ

နားကြပ်တွေ၊ headphone တွေဆီက ထုတ်လွှတ်တဲ့ လျှပ်စစ်သံလိုက်လှိုင်းတွေက ဦးနှောက်ကို ပြင်းထန်တဲ့အန္တရာယ်တွေ ဖြစ်လာစေနိုင်ပါတယ်။ ဒီအကြောင်းအရာကို သက်သေပြဖို့တော့ မရှိသေးပေမယ့် Bluetooth ၊ headphone နဲ့ နားကြပ်ကို နေ့စဉ်သုံးသူတွေဟာ ဦးနှောက်နဲ့ ပတ်သက်တဲ့ရောဂါတွေ ပိုအဖြစ်များတာ တွေ့ရပါတယ်။ နားအတွင်းပိုင်းဟာ ဦးနှောက်နဲ့ တိုက်ရိုက်ချိတ်ဆက်နေတာဖြစ်ပြီး နည်းနည်းလောက်ပိုးဝင်ရင်တောင် ဦးနှောက်ကို တိုက်ရိုက် ထိခိုက်စေနိုင်ပါတယ်။

နားပိုးဝင်ခြင်း

ကိုယ့်ရဲ့နားကြပ်ကို တစ်ကြိမ်တစ်ခါလောက် သူများတွေကို ငှားသုံးခိုင်းလိုက်တာနဲ့ လွယ်လွယ် နားပိုးဝင်ခြင်းဖြစ်နိုင်ပါတယ်။ နားထဲက ဘက်တီးရီးယားတွေက နားကြပ်တွေကတဆင့် တစ်ယောက်နဲ့တစ်ယောက်ကူးစက်ဖို့ လွယ်ပါတယ်။ ဒါ့ကြောင့် တခြားသူဆီကို ငှားပေးရတော့မယ်ဆိုရင် သန့်စင်ဆေးရည်နဲ့ပိုးသတ်တာမျိုး၊ ဒါမှမဟုတ် လုံးဝမငှားတာမျိုး၊ ငှားမသုံးတာမျိုး လုပ်သင့်ပါတယ်။

နားကိုက်ခြင်း

နားကြပ်သုံးတဲ့သူတွေမှာ နားကိုက်တဲ့ပြဿနာ ခဏခဏကြုံရတတ်ပါတယ်။ နားထဲမှာ တဝီဝီနဲ့အသံတွေကြားနေရတာ ဒါမှမဟုတ် ဟိုးအတွင်းက စူးကနဲနာကျင်ကိုက်ခဲတာတွေ ခံစားရတတ်ကြပါတယ်။