မိတ်ကပ်လိမ်းတဲ့အခါ သုံးတဲ့ Makeup Brush တွေအပေါ်မူတည်ပြီးတော့ ကိုယ်လိမ်းထားတဲ့ Makeup Look နဲ့ မိတ်ကပ်သား စိမ့်ဝင်ပုံတွေ ကွာခြားနိုင်တဲ့အတွက် Makeup လိမ်းတော့မယ်ဆိုရင် Makeup Cosmetic တွေအပြင် အရည်အသွေးကောင်းတဲ့ Brush တစ်ခုခုကို အမြဲသုံးဖို့ လိုအပ်တယ်ဆိုတာ ပျိုမေတို့သိကြမှာပါ။

မိတ်ကပ်လိမ်းရာမှာ မသန့်ရှင်းတဲ့ Brush ကိုသုံးမိရင်တော့ သင့်ရဲ့ မျက်နှာနဲ့ အောက်ခံမိတ်ကပ်ပစ္စည်းတွေကိုပါ ထိခိုက်နိုင်တဲ့အတွက် Brush တွေကိုသန့်သန့်ရှင်းရှင်း ထားဖို့လိုပါတယ်။ ဒါကြောင့် သင်သုံးတဲ့ Brushတွေကို တစ်ပတ်တစ်ခါ ဒါမှမဟုတ် နှစ်ခါလောက်ဆေးကြောသင့်ပါတယ်။ အဲ့လိုမဟုတ်ဘဲ ပျင်းပြီး မဆေးကြောဘဲထားမယ်ဆိုရင် သင့်မျက်နှာမှာ ဖြစ်လာနိုင်တဲ့ ဆိုးကျိုးတွေကို ပြောပြပေးချင်ပါတယ်။

အသားအရေတွေ ပျက်စီးလာမယ်။

ဆိုးဝါးတဲ့ ဘက်တီးရီးယားနဲ့ အညစ်အကြေးတွေ သင့် အရေပြားပေါ်မှာပွားလာတဲ့အခါ အသားအရေတွေ ကြမ်းတမ်းခြောက်ကပ်လာပါလိမ့်မယ်။

အရေပြားနဲ့ဆိုင်တဲ့ ကူးစက်ရောဂါတွေရနိုင်တယ်။

နေ့စဉ်သုံးတဲ့ Makeup Brush တွေဟာ ဆဲလ်သေတွေ၊ အညစ်အကြေး၊ အဆီ နဲ့ ဘက်တီးရီးယားတွေကို ပွားလာစေပါတယ်။ သြစတြေးလျက အမျိုးသမီးတစ်ဦးဟာ သူ့ရဲ့ Makeup Brush တွေကို သူငယ်ချင်းနဲ့ အတူသုံးမိခြင်းကြောင့် ဘက်တီးရီးယားမှတစ်ဆင့် ကူးစက်ရောဂါရပြီး ခြေထောက်နဲ့လက်မောင်းတွေ အကြောသေတဲ့အထိ ဖြစ်ခဲ့ရပါတယ်။

ချွေးပေါက်ပိတ်နိုင်ပါတယ်

Makeup Brush တွေသုံးပြီး မိတ်ကပ် လိမ်းတာက သင့်လက်နဲ့ မျက်နှာကို တိုက်ရိုက်ထိတွေ့တာထက် ပိုကောင်းပေမယ့် သုံးတဲ့ brush မသန့်ရှင်းရင် အချည်းနှီးပါပဲ။ Brush တွေကိုမဆေးကြောဘဲသုံးတဲ့အခါ အညစ်အကြေးနဲ့ ဘက်တီးရီးယားတွေဟာ သင့်မျက်နှာနဲ့ မိတ်ကပ်ပစ္စည်းတွေမှာ ပျံ့နှံ့သွားနိုင်တယ်။ ဒါကြောင့် သင်ဟာ အသားအရေကို ကောင်းကောင်းထိန်းသိမ်းနေပေမယ့် ချွေးပေါက်ပိတ်တာတွေ ဖြစ်နေအုန်းမယ်ဆိုရင် Makeup Brush တွေကို သန့်ရှင်းဖို့သတိရပေးပါ။

လိမ်းထားတဲ့မိတ်ကပ်ကို ကြည့်ရဆိုးစေပါတယ်။

Makeup Brush တွေအသုံးပြုရတဲ့ အဓိကရည်ရွယ်ချက်က လက်နဲ့လိမ်းတာထက် ပိုပြီး မိတ်ကပ်သား ချောမွေ့စေလို့ပါ။ တကယ်လို့ သင်သုံးတဲ့ Brush ဟာ အရင်အပတ်ကလိမ်းခဲ့တဲ့ မိတ်ကပ်အညစ်အကြေး တွေကပ်နေသေးရင် ဒီနေ့အတွက် လိမ်းတဲ့ မိတ်ကပ်ဟာလဲ ဘယ်လိုမှ မလှနိုင်တော့ပါဘူး။

မျက်စိနာနိုင်ပါတယ်။

သင့် သူငယ်ချင်းတွေနဲ့ Cosmetics တွေ Makeup Brush တွေ အတူသုံးခြင်းကြောင့် Conjunctivitis လို့ ခေါ်တဲ့ မျက်စိနာခြင်း၊ မျက်မြှေးရောင်ကိုင်းခြင်းတို့ ဖြစ်ပွားနိုင်ပါတယ်။

ပိုက်ဆံဖြုန်းမိသလို ဖြစ်နေမယ်။

Brush တွေညစ်ပတ်သွားလို့ ခဏခဏပြန်ဝယ်နေရတာဟာ အကုန်အကျများပါတယ်။ သေချာဂရုတစိုက်မှန်မှန် ဆေးကြောတဲ့ Brush တွေဟာ ကြာရှည်သုံးနိုင်မှာဖြစ်တဲ့အတွက် ပိုက်ဆံချွေတာရာရောက်ပါတယ်။

အင်းဆက်ပိုးကောင်တွေကို ဖိတ်ခေါ်သလိုဖြစ်နေမယ်

သင်တို့ရဲ့ ဘယ်ပစ္စည်းမဆို သေချာသန့်ရှင်းအောင်ထားခြင်းမရှိရင်တော့ ဆိုးဝါးတဲ့ ပိုးမွှားမျိုးစုံဟာလည်း အနှေးနဲ့အမြန်ပွားလာနိုင်တာမို့ ပုံမှန်ဆေးကြောသန့်စင်နိုင်အောင် ကြိုးစားသင့်ပါတယ်။

မျက်နှာမှာ အရေးအကြောင်းတွေပေါ်လာမယ်။

မသန့်ရှင်းတဲ့ Makeup Brush တွေဟာ အသားအရေရဲ့ ကော်လဂျင်နဲ့ အီလက်စတင် ဓာတ်တွေကို ပျက်စီးစေတဲ့အတွက် အရွယ်မတိုင်ခင် အိုမင်းရင့်ရော်ခြင်းဖြစ်စေတယ်လို့ သုတေသီတွေကဆိုပါတယ်။