လူတစ်ယောက်ရဲ့အိပ်ချိန်က တစ်နေ့ကို အများဆုံး ၉ နာရီ၊ ၁၀ နာရီလောက်ပဲ ရှိသင့်တာပါ။ အဲ့ထက်ပိုပြီး ၁၂ နာရီ၊ ၁၃ နာရီလောက် အိပ်နေမယ်ဆိုရင်တော့ oversleeping ဖြစ်နေပါပြီ။ အိပ်ရေးပျက်တာမကောင်းသလို oversleeping ဖြစ်ရင်လည်း မကောင်းပါဘူး။ ကျန်းမာရေးကိုလည်း ထိခိုက်လာနိုင်တာတွေရှိပါတယ်။ ဒီမှာတော့ oversleeping ဖြစ်တဲ့အခါမှာ အများဆုံးဖြစ်လေ့ရှိတဲ့ ဆိုးကျိုးတချို့ကို ပြောပြပေးလိုက်ပါတယ်။

ခေါင်းကိုက်ခြင်း

Oversleeping ဖြစ်တဲ့အခါမှာ အရင်ဆုံးဖြစ်လာမယ့်အရာကတော့ ခေါင်းကိုက်တာပါပဲ။ ခေါင်းတွေအုံခဲပြီးကိုက်တာမျိုး ဖြစ်လာစေပါတယ်။ ဆေးသောက်လည်း တော်ရုံမသက်သာပဲ အချိန်ကြာကြာ ခေါင်းကိုက်တာမျိုးတွေ ဖြစ်တတ်ပါတယ်။

ခါးနာခြင်း

အိပ်တဲ့အချိန်ကြာလာတော့ ကြောတွေပူပြီး ခါးနာလာစေပါတယ်။ Oversleeping ဖြစ်တဲ့အခါမှာ ဖြစ်ကိုဖြစ်လာမယ့် ဆိုးကျိုးတစ်ခုပါပဲ။ အိပ်စက်တဲ့အနေအထားလည်း မှားနေတယ်ဆိုရင်တော့ ပိုဆိုးပါတယ်။

Depression ဝင်ခြင်း

ဘာမှလုပ်စရာမရှိလို့ စိတ်ညစ်လို့ဆိုပြီး အိပ်ပဲအိပ်နေတဲ့ oversleeping ဖြစ်သူတွေအများစုကတော့ depression ဝင်လာနိုင်ပါတယ်။ ဘာလုပ်ရမှန်းမသိ ဘာမှလည်းမလုပ်ချင်တော့ဘူးဆိုတဲ့ စိတ်တွေနဲ့ ပိုပြီးတော့ depression ဝင်တာ၊ anxiety ဖြစ်တာတွေ ဖြစ်လာစေပါတယ်။

ကိုယ်ရောစိတ်ပါမလန်းဆန်းခြင်း

အိပ်တဲ့အချိန်အရမ်းကြာသွားရော ကိုယ်ရောစိတ်ပါ နုံးချိပြီး မလန်းမဆန်းဖြစ်စေပါတယ်။ ခန္ဓာကိုယ်က ညောင်းညာကိုက်ခဲသလိုလို၊ ဖျားချင်သလိုလိုဖြစ်ပြီး စိတ်လည်းညစ်နွမ်းတာမျိုး ဖြစ်စေပါတယ်။

ဝိတ်တက်လာခြင်း

ဝိတ်အပြောင်းအလဲမြန်တဲ့သူတွေအတွက်ကျတော့ oversleeping ဖြစ်ခြင်းကြောင့် သိသိသာသာ ဝိတ်တက်လာတာမျိုးတွေ ဖြစ်စေပါတယ်။

တွေးခေါ်နိုင်စွမ်းလျော့ကျလာခြင်း

Oversleeping ဖြစ်ခြင်းက လူကိုပျင်းရိစေပြီး တက်ကြွလန်းဆန်းမှုမရှိစေတဲ့အတွက် တွေးခေါ်နိုင်စွမ်းတွေ၊ idea တွေလည်း လျော့ကျလာစေပါတယ်။ အလုပ်လုပ်တဲ့အခါမှာလည်း idea အသစ်တွေမထွက်ပဲ ဘာလုပ်ရမှန်းမသိဖြစ်ပြီး စာလုပ်ရင်လည်း စိတ်မပါတာမျိုး၊ ဘယ်လောက်ကျက်ကျက် စာမရသလို ဖြစ်တာမျိုးတွေ ကြုံတွေ့ရတတ်ပါတယ်။