အခုခေတ်မှာ ဆံပင်ဆေးဆိုးတာကို တော်တော်များများက လုပ်နေကြပေမယ့် ဆံပင်ဆေးဆိုးတဲ့အခါ ဆံပင်ဆိုးဆေးတွေမှာပါတဲ့တဲ့ ဓာတုပစ္စည်းတွေနဲ့ ဓာတ်မတည့်ရင် ဖြစ်လာနိုင်တဲ့ နောက်ဆက်တွဲဆိုးကျိုးတွေက အများကြီးရှိတယ်ဆိုတာ သတိမထားမိတတ်ကြပါဘူး။
ဒါကြောင့် ဆံပင်အရောင်မဆိုးခင် လူတိုင်းသိထားသင့်တဲ့ ဆိုးကျိုးတွေကို ဝေမျှပေးချင်ပါတယ်။

ဓာတ်မတည့်တာ

ဆံပင်ဆေးဆိုးတဲ့အခါ ဓာတ်မတည့်ဖြစ်တာက အထူးအဆန်းတော့မဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့မကြာခဏ ဓာတ်မတည့်မှုကို ဖြစ်စေတဲ့ Para Phenylenediamine ပါတာကြောင့်ပါ။ ဒါကြောင့် အသားအရေ Allergic ရှိသူတွေအနေနဲ့ ဆံပင်ဆေးမဆိုးသင့်ပါဘူး။ ဆိုးချင်ရင်တောင်မှ တည့်မတည့်စမ်းပြီးမှ ဆိုးသင့်ပါတယ်။

ကိုယ်ဝန်ပေါ်သက်ရောက်မှုရှိတာ

ဆံပင်ဆိုးဆေးရဲ့ဓာတုပစ္စည်းတွေက ကလေးမွေးဖွားမှုနဲ့ ကိုယ်ဝန်ကို တကယ်သက်ရောက်မှုရှိမရှိက သေချာမှုတော့မရှိပေမယ့် ကိုယ်ဝန်ယူဖို့အစီအစဥ်ရှိတယ် ဒါမှဟုတ် ကိုယ်ဝန်ဆောင်နေတယ်နေတယ်ဆိုရင် ဆံပင်ဆိုးဆေးတွေကို ရှောင်တာ ပိုကောင်းပါတယ်။

မျက်မြှေးရောင်တာ

နောက်ထပ်သတိထားရမှာက မျက်လုံးပါ။ ဆံပင်ဆိုးဆေးမှာပါတဲ့ ဓာတုပစ္စည်းတွေနဲ့ မျက်လုံးထိမိရင် မျက်ကြည်လွှာရောင်တာ မျက်မြှေးရောင်တာမျိုးတွေ ဖြစ်တတ်ပါတယ်။ ခံစားရတာ အရမ်းမသက်သာဘူးဆိုရင်တော့ မပေါ့ဆဘဲ မျက်စိဆရာဝန်ဆီ သွားပြပါ။

ပန်းနာရပ်ကြပ်တာ

ဆံပင်ဆိုးဆေးထဲက ဓာတုပစ္စည်းတွေရဲ့ အနံ့ကိုဆက်တိုက်ရှူမိရင် ချောင်းဆိုးတာ ၊ လည်ချောင်းနာတာ ၊ အဆုတ်ရောင်ရမ်းတာ၊ လည်ချောင်းမအီမသာဖြစ်တာ နဲ့ ပန်းနာရင်ကျပ်ရောဂါတို့ကို ဖြစ်စေနိုင်ပါတယ်။