မိတ်ကပ်မလိမ်းတဲ့နေ့ကို စိတ်ကူးမယဉ်နိုင်ဘူးလား? မိတ်ကပ်က မိန်းကလေးတွေရဲ့နေ့စဥ်ဘဝမှာ မရှိမဖြစ်လို့တောင် ပြောလို့ရပါတယ်။ ဒီလိုနေ့တိုင်းမိတ်ကပ်လိမ်းတာက အသားအရေကို ပုံစံအမျိုးမျိုးနဲ့ ဒုက္ခပေးနိုင်ပါတယ်။ ဒါတွေကတော့ နေ့တိုင်း မိတ်ကပ်လိမ်းတဲ့အခါ ဖြစ်လာနိုင်တဲ့ ဘေးထွက်ဆိုးကျိုးတွေပါ။

ချွေးပေါက်တွေပိတ်တာ

နေ့တိုင်း မိတ်ကပ်ကို အချိန်အကြာကြီးလိမ်းထားရင် ချွေးပေါက်တွေကို ပိတ်စေနိုင်ပါတယ် ။ ဒါက အသားအရေကို အသက်ရှုမဝစေဘဲ ဝက်ခြံ၊ အဖုအထစ်တွေနဲ့ မျက်နှာအသားအရေပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ ဒါ့အပြင် မျက်လုံးတစ်ဝိုက်မှာလည်း အဆီဖုလေးတွေ ဖြစ်စေနိုင်ပါတယ်။

အရွယ်မတိုင်ခင်အိုစေတာ

အရေပြားကျန်းမာရေးကို ထိန်းသိမ်းတဲ့နေရာမှာ အရေးကြီးတဲ့အရာတစ်ခုက နေရောင်ခြည်ဒဏ်ကနေ ကာကွယ်ဖို့ပါ။ နေလောင်ဒဏ်ကြောင့် အရေးအကြောင်းတွေ အမဲစက်တွေဖြစ်စေပြီး အရွယ်မတိုင်ခင် အိုမင်းရင့်ရော်တဲ့လက္ခဏာတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။

Dry or Oily Skin

အသားအရေ အမျိုးအစားနဲ့ မကိုက်ညီတဲ့ မိတ်ကပ်ပစ္စည်းတွေက အသားအရေကို ခြောက်သွေ့စေပြီး အဆီပြန်စေနိုင်ပါတယ်။ ဒါကြောင့် ကိုယ့်အသားအရေနဲ့ကိုက်ညီတဲ့ အလှကုန်ပစ္စည်းတွေကို သေချာသုံးပေးဖို့ လိုအပ်ပါတယ်။

Breakouts

ဟော်မုန်းမညီတာ ၊ အစားအသောက်နဲ့ဓာတ်မတည့်တာ ၊ ဆေးနဲ့မတည့်တာတွေကြောင့် Breakouts ဖြစ်တတ်သလို မိတ်ကပ်ကိုနေ့တိုင်းလိမ်းရင်လည်း ကြာလာရင် ဖြစ်တတ်ပါတယ်။ အထူးသဖြင့် အဆီပြန်တဲ့အသားအရေပိုင်ရှင်တွေက နေ့တိုင်း မိတ်ကပ်ကို အချိန်အကြာကြီးလိမ်းတာမျိုးကို ရှောင်သင့်ပါတယ်။

အရောင်ပြောင်းစေတာ

နေ့တိုင်း မိတ်ကပ်ကို အချိန်အကြာကြီးလိမ်းတဲ့အခါ အရေပြားရဲ့ကော်လာဂျင်ကို အားနည်းစေပြီး အရေပြားအရောင်ကို ပြောင်းလဲစေနိုင်ပါတယ်။ ဥပမာ – နှုတ်ခမ်းနီမှာ နှုတ်ခမ်းရဲ့အောက်ဆီဂျင်ထောက်ပံ့မှုကို တားဆီးပေးတဲ့ ပါဝင်ပစ္စည်းတွေပါဝင်တာကြောင့် နှုတ်ခမ်းနီကို 10 နာရီထက်ပိုကြာအောင် အမြဲဆိုးတဲ့အခါ သင့်နှုတ်ခမ်းအရောင်ကို မဲလာစေပါတယ်။

Eye Infections

မျက်လုံးတစ်ဝိုက်က အသားအရေက တကယ်ကိုနူးညံ့ပါတယ်။ ဒီအသားအရေမှာ Foundation ၊ Concealer ၊ Eyeshadow၊ Eyeliner နဲ့ Mascara လိုမျိုး မိတ်ကပ်တွေနေ့တိုင်းလိမ်းတဲ့အခါ မျက်လုံးယားတာမျိုးတွေ ဖြစ်လာစေပါတယ်။ ဒီလို ယာတာမျိုးက မျက်လုံးကိုထိခိုက်စေနိုင်ပြီး ကြာလာရင် မျက်စိပိုးဝင်တာကိုတောင် ဖြစ်စေနိုင်ပါတယ်။