အသားအရေထိန်းသိမ်းဖို့ တော်တော်များများက Exfoliation လုပ်လေ့ရှိပါတယ်။ ဒါပေမယ့် Exfoliation ကို တစ်ပတ် နှစ်ကြိ်မ်ထက်ပိုပြီး လွန်လွန်ကဲကဲလုပ်မိရင် ရလာမှာက ကောင်းကျိုးထက် ဆိုးကျိုးတွေပါ။ ဒါတွေကတော့ နေ့တိုင်း Exfoliate လုပ်တဲ့အခါ အရေပြားမှာ ဖြစ်တတ်တဲ့ ဆိုးကျိုးတွေပါ။

Breakouts ဖြစ်တာ

အမည်းစက်နဲ့ ဝက်ခြံတွေကို တိုက်ဖျက်ဖို့၊ မျက်နှာကို ပွတ်တိုက်လေလေ ဝက်ခြံပေါက်တာ နည်းလေလေလို့ ယူဆပြီး Exfoliation ကို နေ့တိုင်းလုပ်တတ်ကြပါတယ်။ တကယ်တော့ နေ့တိုင်း Exfoliation လုပ်တာက အသားအရေရဲ့ သဘာဝအဆီတွေကိုခြောက်စေပြီး Breakouts ဖြစ်စေပြီး အသားအရေကို ပိုထိခိုက်စေနိုင်ပါတယ်။

အသားအရေ ခြောက်သွေ့တာ

Exfoliation က အဆီတွေကို ဖယ်လိုက်တာကြောင့် နေ့တိုင်း Exfoliate လုပ်ရင် သင့်အသားအရေကို ပိုခြောက်သွားစေနိုင်ပါတယ်။ အသားအရေခြောက်သွေ့လာတာကို သတိထားမိပြီဆိုရင် နေ့တိုင်း Exfoliation လုပ်တာကို ရပ်သင့်ပါတယ်။

ထိခိုက်လွယ်တာ

နေ့တိုင်း Exfoliation လုပ်တဲ့အခါ အရေပြားကို အလွန်အကျွံပွတ်တိုက်တာတွေကြောင့် ကြာလာရင် သင့်အသားအရေတစ်ခုလုံးကို ထိခိုက်စေနိုင်ပါတယ်။

ဝက်ခြံထွက်တာ

လူတွေက Exfoliate လုပ်ရတဲ့ အဖြစ်များဆုံး အကြောင်းရင်းတွေထဲက တစ်ခုကတော့ ဝက်ခြံထွက်တာကို ကာကွယ်ဖို့ပါ ။ ဒါပေမယ့် နေ့တိုင်း Exfoliate လုပ်တာက ဝက်ခြံတချို့ကို ပိုဆိုးသွားစေနိုင်ပါတယ်။

အသားအရေ ပျက်စီးတာ

အရေပြားကို Exfoliation အလွန်အကျွံမလုပ်သင့်တဲ့ အကြီးမားဆုံးအကြောင်းရင်းတွေထဲက တစ်ခုကတော့ အရေပြားကို အရင်ထက်ပိုပြီး ထိခိုက်ပျက်စီးစေနိုင်လို့ပါပဲ။