ကိုယ့်ကိုယ်ကိုယ် နှိမ့်ချရမယ်လို့ အရင်ကလူကြီးသူမတွေက ဆုံးမတတ်ကြပါတယ်။ တကယ်ပဲ ကိုယ့်ကိုယ်ကိုယ် နှိမ့်ချတာဟာ ကောင်းတဲ့လက္ခဏာတစ်ရပ်လား ကိုယ့်ကိုယ်ကိုယ် နှိမ့်ချခြင်းကြောင့် ဘယ်လိုနောက်ဆက်တွဲအကျိုးတွေ ဖြစ်လာနိုင်ပါသလဲ။

လုပ်ငန်းခွင်လို နေရာမျိုးမှာ မကောင်းပါဘူး

လုပ်ငန်းခွင်လို နေရာမျိုးမှာ ကိုယ့်ကိုယ်ကိုယ် နှိမ့်ချနေတာဟာ လုံးဝမကောင်းပါဘူး။ ကိုယ်က အလုပ်ကြိုးစားပေမယ့် ကိုယ့်ကိုယ်ကိုယ် နှိမ့်ချပြောဆိုနေတာကတော့ လုံးဝကိုအောက်ပါတယ်။ ဒီလိုပြောလို့ ကိုယ်ရည်သွေးခိုင်းတာ မဟုတ်ပါဘူး။ ကိုယ့်ကိုယ်ကိုယ် ဘဝင်မြင့်ကိုယ်ရည်သွေးနေတာတွေလည်း လုပ်စရာမလိုဘဲ ကိုယ်လုပ်စရာရှိတာတွေ လုပ်နေဖို့ပဲလိုပါတယ်။

အချင်းချင်းကြားထဲမှာရော

လူတွေက သင်တော်မတော်ကို မသိချင်ကြပါဘူး။ သင်တော်သလား၊ တတ်သလားဆိုတာကို လုပ်ရပ်ပေါ်ကြည့်ပြီး သူတို့က အကဲဖြတ်သွားမှာပါ။ ဒီတော့ အချင်းချင်းကြားထဲမှာလည်း ငါကဘာကောင်မှ မဟုတ်ပါဘူးကွာ၊ ငါက တော်နေတတ်နေတာမဟုတ်ပါဘူးကွာ ဆိုတာကို စကားအဖြစ်တောင် ပြောပြနေစရာမလိုဘူး။

ကိုယ့်ကိုယ်ကိုယ် နှိမ့်ချခြင်းဟာ မင်္ဂလာဆိုတဲ့စကားကို မေ့လိုက်ပါ

ဒီဖက်ခေတ်မှာ စကားတွေနဲ့ ပြောဆိုနေတာတွေ မရှိတော့ပါဘူး။ လူတစ်ယောက်ရဲ့ အကြောင်းကို သူ့ရဲ့ လုပ်ရပ်တွေကနေပဲ သိရှိနားလည်နိုင်ပါပြီ။ ဒီတော့ နေရာတကာမှာ ကိုယ့်ကိုယ်ကိုယ်နှိမ့်ချပြောဆိုနေတာတွေကို ရပ်တန်းကရပ်လိုက်ပါ။