သဘာဝလေက အကောင်းဆုံးဆိုပေမယ့်လည်း တစ်ခါတစ်လေ အရမ်းပူရင်တော့ အဲကွန်းကယ်မှပဲ ရမှာပါ။ အဲကွန်းလေက တစ်ခါတစ်လေခံရင်တော့ ဘာမှမဖြစ်ပေမယ့် အမြဲတမ်း အဲကွန်းလေခံနေမယ်ဆိုရင်တော့ ရရှိလာနိုင်တဲ့ နောက်ဆက်တွဲဆိုးကျိုးတွေ ရှိပါတယ်။

အဲကွန်းလေကို အချိန်ကြာကြာအမြဲခံခြင်းကြောင့် မျက်သားခြောက်ပြီး ယားလာပါမယ်။

Sensitive ဖြစ်တဲ့သူတွေဆိုရင် အဲကွန်းလေခံတာကြာလာတဲ့အခါမှာ Asthma တို့၊ Allergies တို့တွေပါ ဖြစ်လာတတ်ပါတယ်။

အဲကွန်းလေအမြဲခံခြင်းကြောင့်၊ အချိန်ကြာကြာ အဲကွန်းခံထဲနေခြင်းကြောင့် ရေဓာတ်ခမ်းခြောက်လာမယ်၊ အသားအရေ ခြောက်သွေ့လာပါမယ်။ ဒါကြောင့် အဲကွန်းခန်းထဲနေရင် ရိုးရိုးရေကို များများသောက်ပေးပါ။

အဲကွန်းခန်းထဲမှာ နေတာကြာလာရင်တောင် ခေါင်းကိုက်လာမယ်၊ ကိုယ်လက်နာပြီး မအီမသာဖြစ်လာမယ်၊ အပြင်ထွက်လိုက်၊ အဲကွန်းထဲပြန်ဝင်လိုက် လုပ်တာများလာရင် အပူအအေးမမျှပဲ နုံးချိလာမယ်၊ ထိုင်းမှိုင်းလာမယ်။ အခန့်မသင့်ရင် ဖျားနာတာပါ ဖြစ်လာနိုင်ပါတယ်။

Source: www.firstcry.com