အသားအရေကောင်းချင်ရင်တော့ မျက်နှာအသားအရေကိုပဲ ဂရုစိုက်နေလို့မရပါဘူး။ ခန္ဓာကိုယ်အသားအရေကိုပါ ဂရုစိုက်ပေးဖို့လိုပါတယ်။ ဒါပေမယ့် ထိခိုက်လွယ်တဲ့ အသားအရေဖြစ်တဲ့ sensitive skin တွေကျတော့ သူများထက်ကိုပိုပြီး အစစအရာရာဂရုစိုက်ရပါတယ်။ မဟုတ်ရင် အသားယားတာ၊ အလက်ဂျစ်ထတာ၊ နီရဲတာတွေ ဖြစ်လာတတ်ပါတယ်။ ဒါကြောင့် ထိခိုက်လွယ်တဲ့အသားအရေအတွက် body care လုပ်နည်းကို မျှဝေပေးလိုက်ပါတယ်။
ရေမြန်မြန်ချိုးပါ
ရေချိုးတဲ့အခါမှာ သီချင်းနားထောင်ပြီး အေးဆေးချိုးတာက ကိုယ်ရောစိတ်ပါ relax ဖြစ်စေပါတယ်။ ဒါပေမယ့် sensitive skin တွေကျတော့ ဒီလိုအကြာကြီးရေစိမ်ချိုးရင် အရေပြားအဆီတွေ ပိုထွက်သွားလို့ အသားခြောက်တာ၊ အသားအရေနီရဲတာ၊ အသားယားတာ၊ အသားကျိန်းစပ်တာမျိုးတွေ ဖြစ်တတ်ပါတယ်။
ရေနွေးနဲ့ရေမချိုးပါနဲ့
ထိခိုက်လွယ်တဲ့ sensitive skin တွေက ရေနွေးနဲ့ရေချိုးရင် အသားအရေနီရဲပြီး အသားလောင်တာမျိုး ဖြစ်တတ်ပါတယ်။ ဒါ့အပြင် အသားအရေခြောက်သွေ့လာစေလို့ ရေအေးနဲ့ပဲ ချိုးပေးသင့်ပါတယ်။
Towel နဲ့ ညှင်သာစွာသုတ်ပါ
ထိခိုက်လွယ်တဲ့အသားအရေပိုင်ရှင်တွေဟာ ရေချိုးပြီးရင် towel နဲ့ ကြမ်းကြမ်းတမ်းတမ်း ပွတ်သုတ်တာမျိုး မလုပ်သင့်ပါဘူး။ အသားအရေကျိန်းစပ်ပြီး နီရဲတာ၊ ယားယံတာမျိုးတွေ ဖြစ်တတ်ပါတယ်။ ဒါကြောင့် ဖြေးဖြေးချင်းစီ ဖွဖွလေးဖိပြီး သုတ်ပေးရပါမယ်။
Body lotion
တစ်နေ့ကို အနည်းဆုံးတစ်ကြိမ်တော့ ရေချိုးပြီးတိုင်းမှာ body lotion လိမ်းပေးရပါမယ်။ Sensitive skin တွေအနေနဲ့ body lotion သုံးတဲ့အခါမှာ alcohol free ဖြစ်တာမျိုး၊ sensitive skin တွေအတွက် စိတ်ချရတဲ့ body lotion မျိုး၊ အဓိက ရေဓာတ်ဖြည့်ပေးတဲ့ hydrating lotion မျိုးကို ရွေးသုံးသင့်ပါတယ်။
နူးညံ့တဲ့ Body scrub
အသားအကြည်အောင် body scrub ကို တစ်ပတ်တစ်ခါ လုပ်ပေးရပါမယ်။ ဒါပေမယ့် ထိခိုက်လွယ်တဲ့ အသားအရေပိုင်ရှင်တွေဟာ တစ်ပတ်တစ်ခါထက် ပိုမလုပ်သင့်ပါဘူး။ Body scrub သုံးတဲ့အခါမှာလည်း ကြမ်းတာတွေဆိုရင် အသားရဲတာ၊ ပွန်းပဲ့တာ၊ ယားတာ၊ စပ်တာမျိုးတွေ ဖြစ်တတ်ပါတယ်။ ဒါကြောင့် နူးညံ့တဲ့ body scrub မျိုး၊ sensitive skin တွေအတွက်ထုတ်ထားတဲ့ body scrub မျိုးကို သုံးပေးရပါမယ်။
Alcohol-free deodorant
Sensitive skin တွေအနေနဲ့ ဂျိုင်းလိမ်းဖို့ deodorant သုံးမယ်ဆိုရင် alcohol-free deodorant မျိုးကို ရွေးသုံးပေးတာက ပိုစိတ်ချရပါတယ်။ ဓာတ်မတည့်တဲ့အခါ အခန့်မသင့်ရင် ဖုပေါက်တာ၊ ယားတာမျိုးတွေ ဖြစ်တတ်လို့ သေချာရွေးသုံးဖို့ လိုပါတယ်။