အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာတော့ ဖက်ရှင်ချစ်သူပျိုမေလေးများအတွက်ရော ခေတ်ဆန်တဲ့ဖက်ရှင်ကို ကြိုက်နှစ်သက်တဲ့ပျိုမေလေးများအတွက်ပါ ဖက်ရှင်ကျကျနဲ့ အလန်းစား၊ အမိုက်စားဖြစ်နေစေမယ့် ပုခုံးအလျှောအင်္ကျီနဲ့ ကြိုးတစ်ချောင်းအင်္ကျီဖက်ရှင်လေးတွေကို ဝေမျှပေးချင်ပါတယ်။
ဒါပေမဲ့ ဒီလိုဖက်ရှင်လေးတွေဝတ်တဲ့အခါ နေပူထဲထွက်မယ်ဆို အင်္ကျီလက်ရှည်အပါးလေးထပ်ဝတ်ပေးဖို့လိုမယ်နော်။ ဒါနဲ့တင် မလုံလောက်သေးပါဘူး။ နေပူထဲထွက်ပြီဆိုတာနဲ့ ထီးဆောင်းဖို့ မမေ့ပါနဲ့။ နေလောင်ဒဏ်ကြောင့် ပျိုမေတို့ရဲ့ အသားအရေပျက်စီးသွားမှာစိုးလို့ပါ။ ဒါ့အပြင် နေလောင်ကာခရင်မ်ကိုလည်း မမေ့မလျော့လိမ်းပေးသင့်ပါတယ်။
ဒါဆိုရင် အလန်းစားဖက်ရှင်လေးတွေကို အတူတူဆက်ကြည့်လိုက်ရအောင်နော်။
စမတ်ကျလှပနေတဲ့ ကြိုးတစ်ချောင်း Jumpsuit လေးတွေ
စတိုင်လ်ဘောင်းဘီလေးနဲ့ တွဲဝတ်ပေးလိုက်ပါ
ကြိုးတစ်ချောင်း Jumpsuit အတို
ဂျင်းစကပ်နဲ့ တွဲဝတ်လိုက်ပါ
ဂျင်းဘောင်းဘီနဲ့ တွဲဝတ်မယ်
ကြက်ခြေခတ်ကြိုးလေး
ချစ်စရာကောင်းတဲ့ ကြိုးတစ်ချောင်းဂါဝန်
ကြိုးတစ်ချောင်းအင်္ကျီကို ဘောင်းဘီအပွနဲ့ တွဲဝတ်ပေးပါ။
ပုခုံးအလျှောအင်္ကျီလေးတွေနဲ့ တွဲဖက်ဝတ်ဆင်လို့ရတဲ့ ဖက်ရှင်များ
ပုခုံးလျှောဂါဝန်
အခုဖော်ပြပေးသွားတဲ့ ဖက်ရှင်လေးတွေက ပျိုမေတို့ကို နေ့ရက်တိုင်းမှာ အလန်းစားဖက်ရှင်လေးတွေ ပိုင်ဆိုင်နိုင်ဖို့ ကူညီပေးနိုင်ပါတယ်။
Photo Source: Pinterest.com