ရည်စားမရှိတဲ့ FA တွေကို တော်တော်များများက စနောက်ကြတာပါပဲ။ ဒါပေမယ့် စတာက တစ်ဖြေးဖြေးနဲ့ များလာရင်တော့ သူသူကိုယ်ကိုယ် ကြိုက်မှာမဟုတ်ပါဘူး။ စိတ်ခုလာတာမျိုး၊ စိတ်မကောင်းဖြစ်လာတာမျိုး၊ မကြိုက်တော့တာမျိုးတွေ ဖြစ်လာတတ်ပါတယ်။ ကိုယ်စနောက်ပြီး ပြောလိုက်တဲ့စကားက တစ်ဖက်လူအတွက် စိတ်အနှောက်အယှက် ဖြစ်ရတယ်ဆိုရင် ဘယ်လောက်ခင်ခင် ဆက်မစသင့်တော့ပါဘူး။ ဒါကြောင့် ရည်းစားမရှိတဲ့ FA တွေကို ခဏခဏစနောက်ပြီး ဒီစကားတွေပြောတာကို ဆင်ခြင်သင့်ပါတယ်။

ကြိုက်မယ့်သူမရှိကြောင်းပြောခြင်း

နင့်ကိုကြိုက်မယ့်သူလည်း ရှိမှာမဟုတ်ပါဘူး၊ နင့်ပုံစံနဲ့ ရည်းစားလည်းရမှာမဟုတ်ဘူး စသဖြင့် ပြောတာတွေက တစ်ခါတစ်လေပဲ ကောင်းပါတယ်။ ခဏခဏဆို ဘယ်သူမှမကြိုက်ပါဘူး။ တချို့ဆိုရင် တစ်ခါလောက်ပြောတာကိုတောင် မကြိုက်တာမျိုးေွလည်း ရှိပါတယ်။

ရည်းစားထားလည်းမြဲမှာမဟုတ်ကြောင်းပြောခြင်း

ရည်းစားမထားတာကြာတဲ့သူတွေက ထားချင်စိတ်မရှိတော့လို့ မထားကြတာ များပါတယ်။ တချို့ကျတော့လည်း အတိတ်မှာ စိတ်ထိခိုက်စရာတွေ ရှိခဲ့လို့ အချစ်ကိုမယုံတော့တာမျိုး၊ ရည်းစားထားရမှာ ကြောက်သွားတာမျိုးတွေလည်း ရှိပါတယ်။ အဲ့တာကို ဘာမှသေချာမသိပဲ နင်ကတော့ ရည်းစားထားလည်း မြဲမှာမဟုတ်ပါဘူး။ ပြတ်မှာပဲတွေ၊ ထားရင်ကော မြဲမှာမို့လို့လား၊ ဘယ်လောက်ခံမှာမို့လို့လဲတွေ စသဖြင့်ပြောတာတွေကို ဆင်ခြင်သင့်ပါတယ်။

ရည်းစားမရှိတာကိုသနားကြောင်းပြောခြင်း

လူတွေက သူတို့ကိုသနားရင် မကြိုက်ကြတာများပါတယ်။ အဲ့တာကို ရည်းစားမရှိတာ သနားတယ်တို့၊ တစ်ယောက်ထဲဖြစ်နေတာ သနားလို့တို့ ပြောတာတွေက စနောက်နေတဲ့အချိန်ဆို ဘာမှသိပ်မဖြစ်ကြပေမယ့် တစ်ခါလာလည်း ဒီလိုပဲပြောနေတာမျိုးဆိုရင်တော့ တစ်ဖက်လူက စိတ်တိုလာနိုင်ပါတယ်။

တစ်ယောက်ထဲနေရတာအထီးမကျန်ဘူးလားမေးခြင်း

တစ်ယောက်ထဲနေရတာ အထီးမကျန်တဲ့သူ မရှိပါဘူး။ ဒါပေမယ့် တချို့ကျတော့လည်း feel ကြသလို၊ တချို့ကျတော့လည်း သူ့အကြောင်းနဲ့သူ အဆင်ပြေသလို နေနေတာပါပဲ။ အဲ့တာကို တစ်ခါတွေ့လည်း တစ်ယောက်ထဲနေရတာ အထီးမကျန်ဘူးလားလို့ပဲ ခဏခဏမေးနေတာက တစ်ဖက်လူအတွက် စိတ်အနှောင့်အယှက်ဖြစ်စေပါတယ်။ တစ်ခါတစ်လေမေးတာ ပြောတာက သိပ်ပြီး ကိစ္စမရှိပါဘူး။ ခဏခဏဆိုရင်တော့ စနောက်ရာကနေတောင် စိတ်ခုစရာတွေ ဖြစ်လာတာပါပဲ။