လူတိုင်းကတော့ အချစ်ခံချင်ကြတယ်၊ ခိုင်မြဲပြီးပျော်ရွှင်အေးချမ်းတဲ့ အချစ်ရေးကိုပဲ့ လိုချင်ကြတာပေါ့နော်… ဒီလိုပျော်ရွှင်သာယာတဲ့အချစ်တစ်ခုကို ပိုင်ဆိုင်ရရှိဖို့ဆိုတာကလည်း ကိုယ့်အပေါ်မှာ အများကြီးမူတည်သလို၊ ကိုယ်ရွေးချယ်ပြီး လက်တွဲလိုက်တဲ့သူအပေါ်မှာလည်း မူတည်ပါတယ်။ ဒါကြောင့် အချစ်ခံချင်ရင်၊ ခိုင်မြဲတဲ့ RS တစ်ခုကိုတည်ဆောက်ချင်တယ်ဆိုရင် ဒီအရာတွေကိုတော့ မဖြစ်မနေသိထားဖို့ လိုပါမယ်နော်….

နားလည်မှုရှိဖို့နဲ့သစ္စာရှိမှု

အချစ်ရေးမှာ တစ်ယောက်နဲ့တစ်ယောက် နားလည်မှုရှိဖို့နဲ့ သစ္စာရှိဖို့က အရေးအကြီးဆုံးပါပဲ။ တစ်ယောက်နဲ့ တစ်ယောက် ပွင့်ပွင့်လင်းလင်းရှိဖို့လည်း လိုပါတယ်။ ကိစ္စတစ်ခုခုဖြစ်တိုင်း ပွင့်ပွင့်လင်းလင်းပြောဆိုပြီး ညှိုနှိုင်းရင် အဆင်ပြေပြီး သာယာတဲ့အချစ်ရေး ဖြစ်လာပါလိမ့်မယ်။

ကိုယ့်ဘက်ကလည်း ပြန်ကောင်းပေးဖို့ လိုအပ်ပါတယ်နော်

ကိုယ်ချစ်တဲ့သူရွေးချယ်ထားတာ မဟုတ်ဘူး၊ ကိုယ့်ကိုချစ်တဲ့သူကို ရွေးချယ်ထားတာ၊ ကိုယ်ဘာလုပ်လုပ် သူချစ်နေမှာပဲဆိုပြီး အနိုင်မယူပါနဲ့။ သူကောင်းသလို ကိုယ့်ဘက်ကလည်း ပြန်ကောင်းပေးပါ။ သူချစ်သလို၊ တန်ဖိုးထားသလို ကိုယ့်ဘက်ကလည်း သူ့လိုပြန်ချစ်နိုင်အောင်၊ တန်ဖိုးထားနိုင်အောင် ကြိုးစားပြီး တည်ဆောက်သွားမယ်ဆိုရင် ခိုင်မြဲပြီး ပျော်ရွှင်တဲ့ အချစ်ရေးကို ပိုင်ဆိုင်လာပါလိမ့်မယ်။

ကိုယ့်ကိုချစ်တဲ့သူကိုပဲ့ ရွေးချယ်ပါ

ကိုယ်ချစ်တဲ့သူကိုရွေးရင် ကိုယ်အတွက် နာကျင်ရဖို့လည်း ရှိပါတယ်။ များများချစ်ရင် များများနာကျင်ရတယ်လေ။ ဒီတော့ ကိုယ့်အပေါ်မှာ တကယ်မြတ်မြတ်နိုးနိုးနဲ့ ချစ်တဲ့သူကို ရွေးချယ်ပြီး လက်တွဲပါ။ အချစ်ခံရပါလိမ့်မယ်။