အားလုံးပဲမင်္ဂလာပါနော်။  အခုဆို ၂၁ရာစုရဲ့ Social Media လွှမ်းမိုးမှုကတော့ တော်တော်များများသိတဲ့အတိုင်းပဲ့ လူငယ်တွေရဲ့အရာတော်တော်များများက အွန်းလိုင်းပေါ်မှာပဲ့ ထိစပ်မှုများကြတာကို တွေ့မြင်ရမှာပါ။ အဲ့ဒီအထဲကနေ အွန်လိုင်းပေါ်မှာလည်း ချစ်သူရည်စားတွေ တွေ့လာကြပါတယ်။

စာဖတ်သူတို့ထဲမှာလည်း အွန်လိုင်းပေါ်မှာ ချစ်သူရှာတွေ့ထားတဲ့သူတွေ ရှိချင်လည်းရှိလိမ့်မယ်လို့ ယုံကြည်ပါတယ်။

အွန်လိုင်းပေါ်ကပဲ တွေ့ပြီး တကယ်လက်တွဲသွားတဲ့သူတွေလည်းရှိသလို ၊ လှည့်စားခံရတာတွေလည်း ရှိဖူးကြမှာပါ။

ဘာပဲဖြစ်ဖြစ် ဒါတွေဟာ မိမိတစ်ဦးတစ်ယောက်ချင်းစီရဲ့ လွတ်လပ်‌စွာ‌ရွေးချယ်ခွင့်ရှိတာမို့လို့ စာရေးသူကတော့ အဲဒီအပေါ်မှာ ဘာမှမဝေဖန်လိုပါဘူး။ ဒါပေမယ့် ဒီအကြံပြုချက် (၇)ချက်လေးကိုတော့ မျှဝေပေးလိုက်ချင်ပါတယ်နော်။

၁။ မလောပါနဲ့

ချစ်သူဖြစ်သွားကြပြီဆိုတာနဲ့ ချစ်သွားပြီဆိုတာနဲ့ သာယာတဲ့ မိသားစုတစ်ခုကို သူနဲ့ပဲတည်ထောင်လိုက်တော့မယ်ဆိုတဲ့ အတွေးမထားပါနဲ့။ တကယ်အပြင်မှာ တွေ့ကြည့် ဒိတ်လုပ်ကြည့်ပြီး တစ်ယောက်အကြောင်းတစ်ယောက်သိဖို့လိုပါတယ်။

၂။ မှန်ကန်တဲ့ပုံကိုရွေးချယ်ပြီးတင်ပါ

ကိုယ့်ရဲ့ ဓာတ်ပုံကို အင်တာနက်ပေါ်တင်တဲ့အခါ အရမ်း Sexy ဖြစ်တာမျိုး မတင်စေချင်ပါဘူး။ တစ်ဖက်က ကိုယ့်အကြောင်းလည်းမသိ၊ ကိုယ့်ကိုလည်း မမြင်ဖူးတဲ့ ကိုယ့်ချစ်သူဆိုသူက ကိုယ့်အပေါ် မမြင်တစ်မျိုးဖြစ်စေမယ်ဆိုတာ မမေ့စေချင်ပါဘူး။

၃။ သူပြောသမျှအားလုံး အမှန်လို့ မယုံကြည်လိုက်ပါနဲ့

သူကိုယ့်ကိုပြောသမျှတွေအားလုံးကို အမှန်လို့ မယုံကြည်လိုက်စေချင်ပါဘူး။ အနားမှာရှိပြီး တစ်ယောက်အကြောင်းတစ်ယောက်သိနေတဲ့သူတွေတောင် ကိုယ့်ကို ၁၀၀% အမှန်တွေပြောတတ်တာမဟုတ်လို့ သူပြောသမျှ အားလုံး အမှန်လို့ မယုံကြည်လိုက်ပါနဲ့နော်။

၄။ သူနဲ့တွေ့ဖို့ပဲ တကူးတက သူရှိတဲ့မြို့ကို မသွားပါနဲ့

လူအမျိုးမျိုး စိတ်အထွေထွေပါပဲ။ ကိုယ်တခါမှမရောက်ဖူးတဲ့ သူ့မြို့ကို သူတစ်ယောက်တည်းကို သွားတွေ့မယ်ဆိုတဲ့ စိတ်နဲ့ မသွားပါနဲ့။ ကိုယ်မသိတဲ့နေရာ တကယ်လို့ သူက ကိုယ့်ကိုလိမ်နေခဲ့ရင်၊ ကိုယ့်ကိုလာမကြိုခဲ့ရင်၊ အဖတ်မလုပ်ခဲ့ရင် စတဲ့ ဖြစ်လာမယ့်အရာကို ကြိုတွေးထားပါ။

ဒါ့ကြောင့် ကိုယ်အရင်ခရီးသွားသလိုပဲ ပုံမှန် အပျော်သွားခရီးတစ်ခု စီစဉ်ပြီးမှ သွားတွေ့တာအကောင်းဆုံးပါပဲ။

၅။ သူနဲ့မတွေ့ခင် သူ့အကြောင်းသေချာသိနှင့်နေပါစေ

သူနဲ့တွေ့မယ်လို့ မဆုံးဖြတ်ခင်မှာ သူ့အကြောင်းတချို့ကို သေချာလေး ပိုင်ပိုင်နိုင်နိုင် သိနှင့်ပြီးသားဖြစ်သင့်ပါတယ်။ အဲဒါမှ တွေ့ဖို့ စဉ်းစားပါ။

၆။ မေးခွန်းမေးရမှာမကြောက်ပါနဲ့

သူ့ကိုမေးခွန်းမေးရမှာ မကြောက်ပါနဲ့၊ မတွန့်ဆုတ်ပါနဲ့လို့ အကြံပြုချင်ပါတယ်နော်။

၇။ တွေ့ပြီးနောက်ပိုင်း အဆင်မပြေရင်လည်း ငြင်းလိုက်ပါ

ကိုယ်နဲ့ သူအပြင်မှာတွေ့ပြီးနောက်ပိုင်း အဆင်မပြေဘူးဆိုရင်လည်း အေးဆေးငြင်းလိုက်ပါ။ သူနဲ့ပတ်သက်လို့ စိတ်ထဲမှာ အရမ်း Serious ကြီးမထားစေချင်ပါဘူး။

Source: www.brightside.me