Relationship တစ်ခုမှာ stress တွေများနေရင် နှစ်ယောက်လုံးစိတ်ညစ်ရပါတယ်။ စိတ်ပင်ပန်းရပါတယ်။ ပျော်ရတဲ့အချိန်ကနည်းလာပါလိမ့်မယ်။ ဒါကြောင့် stress မရှိတဲ့ relationship ကို ပိုင်ဆိုင်နိုင်ဖို့အတွက် ဒီအချက်တွေကို လိုက်နာဖို့တော့ လိုပါတယ်။

ယုံကြည်မှု

Relationship တစ်ခုက ယုံကြည်မှုက အရမ်းကိုအရေးကြီးပါတယ်။ တစ်ယောက်နဲ့တစ်ယောက် ယုံကြည်မှုရှိနေရင် အရာရာအဆင်ပြေပါတယ်။ ပြဿနာတွေမရှိသလောက် နည်းသွားပါလိမ့်မယ်။ စိတ်ချမ်းသာပြီး ပျော်ရွှင်ရပါတယ်။ ယုံကြည်မှုမရှိရင်တော့ သံသယတွေနဲ့ ပူလောင်ရပါတယ်။ တစ်ချိန်လုံးလည်း ရန်ဖြစ်စကားများနေရမှာပါ။

လေးစားမှု

တစ်ယောက်နဲ့တစ်ယောက် လေးစားမှုရှိဖို့လည်း လိုပါတယ်။ စိတ်ဆိုးတိုင်း၊ ရန်ဖြစ်စကားများတိုင်း ဆဲဆိုနေတာမျိုး၊ မဟုတ်တာတွေပြောတာမျိုး မလုပ်ပဲ အေးအေးဆေးဆေး ဖြေရှင်းသင့်ပါတယ်။ စကားကြမ်းတွေထွက်လာပြီး respect မရှိရင် တစ်ယောက်နဲ့တစ်ယောက် နာစရာတွေဖြစ်ပြီး အခြေအနေတွေက ပိုဆိုးသွားဖို့ပဲ ရှိပါတယ်။

နားလည်မှု

နားလည်မှုမရှိတဲ့ relationship က ရေရှည်အဆင်မပြေပါဘူး။ တစ်ချိန်လုံး ပြဿနာတွေပဲ ဖြေရှင်းနေရမှာပါ။ တစ်ယောက်နဲ့တစ်ယောက် နားလည်မှုရှိရင်တော့ ပျော်ရွှင်တဲ့ relationship ကို ရရှိမှာပါ။

သစ္စာရှိမှု

သစ္စာမရှိရင်တော့ relationship က စိတ်ညစ်စရာပဲဖြစ်နေမှာပါ။ တစ်ယောက်နဲ့တစ်ယောက် သစ္စာရှိမှလည်း ယုံကြည်မှု၊ နားလည်မှုတွေကို ရရှိမှာပါ။ သစ္စာမရှိရင်တော့ အရာရာပျက်စီးသွားဖို့ပဲရှိပါတယ်။

Control မလုပ်ပါနဲ့

ကိုယ့်စိတ်ကြိုက်ဖြစ်လာဖို့ တခြားသူတစ်ယောက်ကို control လုပ်ပြီး ပြောင်းလဲချင်တာမျိုး မလုပ်ပါနဲ့။ control လုပ်ပြီး ချုပ်ချယ်ခံရတဲ့သူမှာလည်း မွန်းကြပ်ပြီး စိတ်ညစ်ရပါတယ်။ ကိုယ်တိုင်ကလည်း ဖြစ်စေချင်သလို ဖြစ်မလာလို့ ကိုယ်ပြောတဲ့အတိုင်းမရလို့ဆိုပြီး စိတ်ပင်ပန်းရပါတယ်။ ဒါကြောင့် တစ်ယောက်နဲ့တစ်ယောက် ညှိုနှိုင်းထားကြည့်ပါ။

မကြိုက်တာတွေမလုပ်ဖို့

Control မလုပ်ပေမယ့် အလိုက်တသိနဲ့ တစ်ယောက်မကြိုက်တာကို တစ်ယောက်မလုပ်ပဲနေမယ်ဆိုရင် stress မရှိပဲ ပျော်စရာကောင်းနေမှာပါ။ တစ်ခုခုလုပ်မယ်ဆိုလည်း တစ်ယောက်နဲ့တစ်ယောက်အသိပေးပါ။ ဒါဆိုရင်တော့ စိတ်ချမ်းသာရတဲ့ relationship ကို ရရှိမှာပါ။