လူတိုင်းမှာတော့ Bad Mood တွေဖြစ်နေတဲ့အချိန်ဆိုတာ ရှိပါတယ်။ ဒီလိုအချိန်မှာဆို ဘာလုပ်လုပ်လဲအဆင်မပြေသလိုဖြစ်နေပြီး စိတ်လည်း လုံးဝမကြည်တော့ဘူး။ အရာရာကိုအဆိုးမြင်ပြီး စိတ်ဓာတ်ကျတာမျိုး၊ စိတ်တိုတာမျိုး၊ အလိုမကျတာမျိုးတွေဖြစ်လေ့ရှိပါတယ်။ ဒါကြောင့် ကိုယ့်ဆီမှာရှိနေတဲ့ Bad Mood တွေကို မြန်မြန်ပျောက်အောင်လုပ်ပေးနိုင်မယ့်အရာတွေကို ပြောပြပေးလိုက်ပါတယ်။
အစားအသောက်များများစားပါ
Source: Shape Magazine
အစားသောက်များများစားလိုက်တာက ဒေါသတွေ၊ စိတ်ညစ်စရာတွေကို မေ့ပျောက်အောင်လုပ်ပေးနိုင်ပြီး Bad Mood တွေလည်း မြန်မြန်လျော့သွားစေပါတယ်။
သီချင်းဆိုပါ၊ ကခုန်ပါ
Source:iStock
စိတ်လွတ်ကိုယ်လွတ်နဲ့ ဘာမှမတွေးပဲ သီချင်းတွေအော်ဆိုပြီး ကခုန်နေလိုက်ပါ။ ဒါကလည်း သင့်ရဲ့ Bad Mood တွေကို လျော့သွားစေမယ့် နည်းလမ်းတစ်မျိုးပါပဲ။
Exercise လုပ်ပါ
Exercise လုပ်ပေးခြင်းကြောင့် စိတ်ကြည်လင်လာစေတယ်။ လန်းဆန်းတက်ကြွလာစေပါတယ်။
အရာရာကို Positive ဘက်က ပြောင်းတွေးပါ
Source: HuffPost
ကိုယ့်မှာရှိနေတဲ့ Bad Mood တွေပျောက်ဖို့ အရေးကြီးတာကတော့ ကိုယ်တိုင်က အရာရာကို Positive ဘက်က တွေးပေးဖို့လိုပါတယ်။
တရားထိုင်ပါ
Source:La Jolla Recovery
တရားထိုင်ပေးခြင်းက စိတ်ကိုတည်ငြိမ်အေးချမ်းစေတာ အမှန်ပါပဲ။ Bad Mood တွေကိုလည်း အမြန်ဆုံးပျောက်သွားစေတယ်။
Social Media ကနေ ခဏလောက်ပျောက်လိုက်ပါ
Source: Irish Mirror
Social Media ကြောင့်ဖြစ်လာရတဲ့ နောက်ဆက်တွဲဆိုးကျိုးတွေက စိတ်ပိုင်းဆိုင်ရာကို အရမ်းထိခိုက်ပါတယ်။ ဒါကြောင့် Social Media ကနေ ခဏလောက်ပျောက်လိုက်ပါ။ သင့်စိတ်လည်းအဆင်ပြေပြီး Bad Mood တွေလည်း သိသိသာသာကို လျော့သွားပါလိမ့်မယ်။