ဒီနေ့မှာတော့  MyStyle Myanmarရဲ့စာဖတ်သူတွေထဲကနေ အလုပ်ခွင်ဝင်နေရတဲ့သူလေးတွေအတွက် အလုပ်လုပ်ရတာပင်ပန်းလာတာမျိုးတွေ စိတ်ရှုပ်လာတဲ့အချိန်တွေကို ဘယ်လိုဖြေရှင်းမလဲဆိုတာကို ပြောပြပေးချင်ပါတယ်။ တစ်ခါတစ်လေ အလုပ်လုပ်ဖို့ Mood မဝင်တာမျိုးတွေ၊ အလုပ်လုပ်နေရင်းနဲ့ စိတ်ရှုပ်လာတာမျိုးတွေ၊ စိတ်မပါတော့တာမျိုးတွေ ဖြစ်ဖူးကြမှာပါနော်။ ဒီလိုအလုပ်လုပ်နေရင်းနဲ့ စိတ်ရှုပ်လာတဲ့အခါ ဒီအချက်လေးတွေလုပ်ကြည့်ရင် စိတ်သက်သာရာရပြီး အလုပ်ပြန်လုပ်ဖို့ စိတ်ပါလာပါလိမ့်မယ်။ အဲ့လိုအလုပ်လုပ်ရင်း စိတ်ရှုပ်တာတို့ Moodမဝင်တော့တာမျိုးတွေကြုံလာတဲ့အခါ ဒီအရာလေးတွေကို လုပ်ကြည့်ပေးဖို့ တိုက်တွန်းပါရစေ။

လေကောင်းလေသန့်ထွက်ရှူပါ

အလုပ်မှာ အခန်းအပြင်ခဏထွက်ပြီး လေကောင်းလေသန့် ထွက်ရှူလိုက်ပါ။ ၃ မိနစ်၊ ၅ မိနစ်လောက်ဖြစ်ဖြစ်ပေါ့။ စိတ်ထိုင်းမှိုင်းပြီး စိတ်မကြည်တာမျိုး၊ စိတ်ရှုပ်တာမျိုးဆိုရင် ဒီလိုလုပ်တာက တော်တော်စိတ်သက်သာရာရပါတယ်။

လမ်းခဏထွက်လျှောက်လိုက်ပါ

Source: iStock

အခန်းပြင်ခဏထွက်ပြီး လမ်းလျှောက်တာမျိုး၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ခဏစကားပြောတာမျိုး လုပ်ပါ။ ၅ မိနစ်လောက်ပဲဖြစ်ဖြစ် လမ်းထလျှောက်လိုက်ပါ။ လေးလံထိုင်းမှိုင်းနေတာတွေ၊ ညောင်းညာတာတွေ ပြေပျောက်အောင် အကြောဆန့်ပါ။ လမ်းလျှောက်ပါ။ စိတ်ရှုပ်နေတာ သက်သာလာပါလိမ့်မယ်။

ကော်ဖီသောက်ပါ

Source: The Singapore Women’s Weekly

အလုပ်လုပ်နေရင်းနဲ့ စိတ်ရှုပ်လာရင် ဆက်မလုပ်ပဲ ခဏနားပြီး ကော်ဖီကြိုက်ရင် ကော်ဖီထဖျော်ပြီး သောက်ပါ။ ကော်ဖီမကြိုက်ရင် အအေးသောက်ပါ။ ဆက်လုပ်နေရင် စိတ်ပါတိုလာမျိုး၊ အလုပ်လုပ်တာ မှားကုန်တာမျိုး ဖြစ်တတ်ပါတယ်။

သီချင်းနားထောင်ပါ

Source: Elite World Hotels

သီချင်းနားထောင်လိုက်ပါ။ အလုပ်လုပ်ရတာစိတ်မပါရင် ခဏလောက်စိတ်တည်ငြိမ်အောင်လုပ်ပြီး သီချင်းနားထောင်လိုက်ပါ။ ပြန်ပြီး လန်းဆန်းလာပါလိမ့်မယ်။ ပြီးရင် သီးချင်းနားထောင်ရင်းနဲ့ အလုပ်လုပ်ပါ။ ပိုပြီး တက်ကြွလာပါလိမ့်မယ်။