MyStyle ပရိသတ်ကြီးရေ.. လူတိုင်းကတော့ ဘဝကိုရှင်သန်ဖြတ်သန်းဖို့အတွက် နေ့စဉ်နေ့တိုင်း ရွေးချယ်မှုတွေပြုလုပ်ရပါတယ်နော်။ ဥပမာ ဝိတ်ကျဖို့ ညစာမစားဘဲ နေလိုက်မလား ဒါမှမဟုတ် ဗိုက်ဆာလို့ ဒီနေ့တော့ စားမယ် နောက်နေ့မစားတော့ဘူး စသည်ဖြင့် ရွေးချယ်မှုတွေ အမြဲလုပ်ရပါတယ်။

ဒါကြောင့် သင်ရွေးလိုက်တဲ့ရွေးချယ်မှုကပဲ သင့်ဘဝကို အဆုံးအဖြတ်ပေးမှာဖြစ်တဲ့အတွက် သင့်ဘဝကို လုံးဝပြောင်းလဲစေချင်ရင်တော့  မဖြစ်မနေ ရွေးချယ်လုပ်ဆောင်ပေးရမယ့်အရာ (၇) ခုကို ပြောပြပေးချင်ပါတယ်နော်…

အရာရာတိုင်းကို ကျေးဇူးတင်လိုက်ပါ

ကျေးဇူးတင်တတ်ဖို့ ရွေးချယ်ပါ။ ဥပမာ- သင့်ရဲ့အချစ်ရေးက ပြတ်စဲသွားတယ်ဆိုရင် ပြတ်သွားတဲ့ရည်းစားကို ကျေးဇူးတင်လိုက်ပါ။ သူ့ကြောင့်ပဲ မကြာခင် သင့်ဘဝအတွက် Mr.Miss Right ကို ဆုံတွေ့ရတော့မှာပါ။ ဒါကြောင့် ဖြစ်လာတဲ့အရာတိုင်းကို အကောင်းမြင်ပြီး ကျေးဇူးတင်လိုက်ပါနော်။

အခွင့်အရေးကို အမိအရ ဖမ်းယူတတ်ပါစေ

သင့်ကိုယ်သင် မစမ်းသပ်ဘဲ သင်က ဘယ်လိုလူလဲ သိလာမှာမဟုတ်ပါဘူး။ သင်လုပ်ချင်ခဲ့တဲ့အရာတစ်ခုကို တစ်ခုခုဖြစ်မှာ စိုးရိမ်တာနဲ့ မလုပ်ဖြစ်ဘူးလား။ ရလာတဲ့အခွင့်အရေးကို အမိအရဖမ်းဆုပ်ပါ။ သင့်ကိုယ်သင် အမြဲလေ့လာနေပါ။

ထွက်သွားတတ်ဖို့ သင်ယူပါ

သင့်ကို မလေးစားတဲ့သူတွေ၊ သင့်ကို တန်ဖိုးမထားတဲ့ သင့်ချစ်သူ စတဲ့အရာတွေ ရှိနေတယ်ဆိုရင် သူတို့ကို စွန့်ခွာဖို့ စွန့်လွတ်ဖို့ ဝန်မလေးပါနဲ့။

နေပေးပါ

သင့်လက်ရှိအလုပ်က အဆင်မပြေလို့ ချက်ချင်းထွက်လိုက်တာမျိုး မလုပ်လိုက်ပါနဲ့။ အခြေအနေကို သေချာအကဲခတ်ပါ။ တကယ်ပဲ တခြားသူတွေရဲ့ အမှားလား။ ကိုယ့်အတွေးကြောင့်ပဲ ဒီနေရာက ကိုယ့်အတွက် မကောင်းတဲ့နေရာဖြစ်နေတာလား သေချာလေ့လာပါ။ လုံးဝမကောင်းဘူးဆိုတာ သေချာမှ စွန့်ခွာပါနော်။

စိတ်နေစိတ်ထား

သင့်ဘဝက အဆင်ပြေတော့မယ်လို့ ယုံကြည်မှုရှိရင် ပြေလာတော့မှာပါ။ သင်က ငွေစည်းစိမ်အကုန်ပိုုင်ဆိုင်နေပေမယ့် သင့်ဘဝကို မကျေနပ်ဘူးဆိုရင်တော့ သင်ပျော်မှာမဟုတ်ပါဘူး။ အဓိကက သင့််ကိုယ်သင် ခံယူထားတဲ့ စိတ်နေစိတ်ထားပါ။ ဘယ်လောက်ပဲဆိုးဝါးပါစေ ဒီနေ့က ငါ့အတွက် ကောင်းသောနေ့ မကြာခင် ငါကံကောင်းလာတော့မှာလို့ တွေးပေးပါ။

အကောင်းဆုံးတွေဖြစ်လာတော့မယ်လို့ မျှော်လင့်တတ်ပါစေ

မုန်တိုင်းပြီးရင် လေပြေလာတော့မယ်ဆိုတဲ့အတိုင်း သင့်ဘဝမှာလည်း ဆိုးတာတွေဖြစ်ပြီးရင် ကောင်းတာတွေ ဖြစ်လာမှာပါ။ ဒါကြောင့် ဒီအချိန်မှာ အဆင်မပြေရင်တောင် မကြာခင် ငါ့အတွက် ကောင်းတဲ့အရာတွေ ရောက်လာတော့မယ်လို့ ယုံကြည်ပြီး ကြိုးစားအားတင်းထားပါ။

သင့်အတွေးအခေါ်တွေကို တန်ဖိုးထားပါ

အခြားသူတွေရဲ့ အကြံပေးစကားကို နားထောင်ပါ။ ဒါပေမဲ့ တခြားလူတွေရဲ့စကားကိုပဲ နားထောင်ရင်းနဲ့ ကိုယ့်အကြံဉာဏ်တွေ၊ ကိုယ်ပိုင်စိတ်ကူးတွေ မပျောက်ဆုံးသွားပါစေနဲ့။ ဘယ်သူတွေ ဘယ်လောက်ပဲဝေဖန်နေပါစေ သင်သာလျှင် သင့်ဘဝရဲ့ ပဲ့ကိုင်ရှင်ဆိုတာကို မမေ့ပါနဲ့နော်.

Photo Source: Pinterest