ဆံပင်တွေ ဖြောင့်လိုက်၊ ကောက်လိုက်၊ စက်ဆွဲလိုက်၊ အရောင်တွေဆိုးလိုက်နဲ့ဆိုရင် ဆံသားတွေက တော်တော်ကို ပျက်ဆီးလာမှာပါပဲ။ ဒီလိုဆံကေသာပျက်စီးလာရင် စိတ်မပူပါနဲ့။ ရိုးရှင်းလွယ်ကူတဲ့ ဒီအချက် (၅) ချက်ကိုပဲ အမြဲလုပ်ပေးပြီး ဂရုစိုက်ပေးလိုက်ရင် ကောင်းမွန်တဲ့ ဆံကေသာကို ပြန်ရရှိလာမှာပါ။

ဆံပင်အောက်နားတွေ ညှပ်ထုတ်ပါ။

ဆံပင်အောက်နားတွေက နှစ်ခွဖြစ်တာ၊ ကျိုးကျေတာ၊ ဖွာထွက်တာတွေ အများဆုံးဖြစ်တဲ့နေရာမို့ ဆံပင်အောက်နားကို အနည်းဆုံး လက်သုံးလုံး (သို့) လက်နှစ်လုံးစာ ညှပ်ထုတ်လိုက်ပါ။

Mild ဖြစ်တဲ့ Shampoo ကိုသုံးပေးပါ။

ခေါင်းလျှော်ရင် Chemical များတဲ့ Shampoo တွေကိုရှောင်ပြီး Mild ဖြစ်တဲ့ Shampoo တွေပဲ သုံးပေးပါ။ Chemical မထိမှ ဆံသားပြန်ကောင်းလာမယ်၊ ဆံပင်ကျွတ်သက်သာလာမယ်။

ခေါင်းလျှော်တိုင်း ပေါင်းဆေးသုံးပေးပါ။

ခေါင်းလျှော်တိုင်းပေါင်းဆေးသုံးပေးခြင်းက ဆံသားနှစ်ခွဖြစ်တာ၊ ဆံသားရှုပ်ထွေးတာတွေကို သိသိသာသာကို သက်သာလာစေတယ်နော်။ ဆံသားကိုလည်း ပျော့ပျောင်းစေတယ်။

Vitamin E လိမ်းပေးပါ။

ဆံသားက အဆီဓာတ်မရှိရင်လည်း ဖွာလန်ပြီး ရှုပ်ထွေးနေမှာပါ။ ဆံကေသာလည်းမလှသလို ဆံပင်တွေလည်း ကျွတ်ပါလိမ့်မယ်။ ဒါကြောင့် Vitamin E ကို နေ့တိုင်းလိမ်းပေးပါ။

ဆံပင်ကာလာဆိုးခြင်းကိုရှောင်ပါ။

ဒီလိုဆံကေသာကိုပြန်ဂရုစိုက်နေရတဲ့အချိန်မှာ ဆံပင်အရောင်လုံးဝမဆိုးလိုက်ပါနဲ့။ ဂရုစိုက်ထားတာ၊ လုပ်ထားတာတွေ အလကားဖြစ်ကုန်မယ်နော်။ ဆံပင်ဆိုးတာတွေကို ရပ်ထားလိုက်ပါ။