ဘောင်းဘီအပွတွေက စကပ်အတိုလို မဟုတ်ဘဲ ဝတ်ရတာ သက်တောင့်သက်သာ ဖြစ်ပြီး ပေါ့ပေါ့ပါးပါး ရှိတဲ့ ဖက်ရှင်အဝတ်အစားပါ။ ဘောင်းဘီအပွက အင်္ကျီအများစုနဲ့ လိုက်ဖက်လေ့ရှိပြီး ပျိုမေအများစု ပိုင်ဆိုင်သင့်တဲ့ ဘောင်းဘီအပွ အတို အရောင်တွေကတော့- အညို၊ အနက်နဲ့ အဖြူ၊ ဆင်စွယ်ရောင် တို့ ဖြစ်ပါတယ်။

ဒီတစ်ခေါက်မှာတော့ အပေါ် အင်္ကျီကို မိန်းကလေး မဆန်လွန်းဘဲ ပေါ့ပေါ့ပါးပါး ခပ်မိုက်မိုက် ဝတ်နိုင်မယ့် ဖက်ရှင် အိုင်ဒီယာတွေကို ဖော်ပြပါရစေ။

အပေါ် Blazer လက်တိုက ပေါ့ပေါ့ပါးပါး ရှိတဲ့ ဖက်ရှင်ပုံစံ ဖြစ်ပါတယ်။ အတွင်း အင်္ကျီလက်ပြတ် အပါးလေးနဲ့ ဘောင်းဘီတို တွဲဝတ်လိုက်မယ်ဆိုရင် မိန်းကလေး သိပ်မဆန်တော့ပါဘူး။

ရှပ်အင်္ကျီအပါးအပွလေးနဲ့လည်း ဘောင်းဘီအတိုကို တွဲဝတ်နိုင်ပါတယ်။ ဒီစတိုင်က ပေါ့ပေါ့ပါးပါး ရှိလှပြီး တည်ငြိမ်တဲ့ ကောင်မလေးတွေနဲ့ သင့်တော်မယ့် စတိုင်ပါ။

အပေါ်ကော်လံပါတဲ့ အင်္ကျီနဲ့ ဘောင်းဘီအတိုက လိုက်ဖက်လေ့ရှိပါတယ်။ ဘယ်လောက်ပေါ့ပေါ့ပါးပါးရှိလဲ မော်ဒယ်ပုံကို ကြည့်ရုံနဲ့ သိနိုင်ပါတယ်။

ဘောင်းဘီအတိုကို ခါးပတ်နဲ့ တွဲဝတ်ကာ အပေါ်က အင်္ကျီပွပွလေးနဲ့ တွဲလိုက်မယ်ဆိုရင် ပေါ့ပေါ့ပါးပါး ဖြစ်သွားပါပြီ။

Sweater Vest နဲ့ ဘောင်းဘီတိုက မေ့ထားလို့မရတဲ့ ဖက်ရှင်အတွဲအစပ်ထဲ ပါဝင်ပါတယ်။

ပုံပါ စတိုင်တွေကလည်း မိန်းကလေးသိပ်မဆန်တဲ့ ဖက်ရှင်တွဲစပ်ပုံတွေ ဖြစ်ပါတယ်။

လုံးဝ ပေါ့ပေါ့ပါးပါး ဖြစ်ချင်တယ်ဆိုရင် ဖော်ပြပါ ဖက်ရှင်အိုင်ဒီယာကို နမူနာ ယူသင့်ပါတယ်။

ဝတ်ရတာ သက်တောင့်သက်သာ ဖြစ်စေမယ့်အပြင် စတိုင်ကျစေမယ့် ဖက်ရှင် အိုင်ဒီယာ ဖြစ်ပါတယ်။

Tank Top အနက်ရောင်ကို ဘောင်းဘီတို အရောင်ဖျော့နဲ့တွဲကာ Shirt အဖြူ တွဲလိုက်မယ်ဆိုရင် အများကြီး ပြင်ထားတာမျိုးမဟုတ်တဲ့ ဖက်ရှင်စတိုင်ကို ပိုင်ဆိုင်စေမှာပါ။

Oversized Tee Shirt တွေကို ဘောင်းဘီတိုနဲ့ တွဲမယ်ဆိုရင်တော့ လုံးဝ Boyish Style ဖြစ်သွားပါပြီ။

Photo Source: Pinterest

By MyStyle Myanmar