တစ်ဖြေးဖြေးနဲ့နွေရာသီရောက်လာပြီဆိုတော့ နွေရာသီမှာဆိုရင် ပေါ့ပါးပြီး ပူအိုက်တာသက်သာစေမယ့် အဝတ်အစားတွေကို ရွေးချယ်ဝတ်ဆင်တာ အကောင်းဆုံးပါပဲ။ ဒါကြောင့် ဒီတစ်ခါမှာတော့ နွေရာသီအတွက် လူငယ်ကောင်မလေးတွေအများစု သဘောကျမယ့် Skirt အတို Outfit Idea တွေကို မျှဝေပေးလိုက်ပါတယ်။ Skirt အတိုလေးတွေဝတ်ပေမယ့် ဘယ်လိုတွေတွဲဝတ်ရမလဲ စဉ်းစားနေစရာမလိုအောင်လည်း ဒီ Outfit Idea လေးတွေက ကူညီပေးပါလိမ့်မယ်။

ဒီ Top လေးက အခုနောက်ပိုင်းမှာ အရမ်းခေတ်စားနေတာပါ။ နွေရာသီမှာဆိုရင် ပေါ့ပါးပြီး ပူအိုက်တာသက်သာအောင် Skirt အတိုလေးတွေနဲ့ တွဲဝတ်နိုင်ပါတယ်။ ဖက်ရှင်ကျပြီးတော့လည်း လှပနေစေမှာပါ။

ဒီလို Top လေးတွေက အခုခေတ် လူငယ်ကောင်မလေးတွေကြားမှာ အရမ်းရေပန်းစားနေတာပါ။ နွေရာသီမှာတော့ ဒီလို Outfit Idea လေးအတိုင်းဝတ်ကြည့်နော်။ အရမ်းချစ်ဖို့ကောင်းသလို လှလည်းလှနေမှာပါ။

ပေါ့ပါးမှုရှိပြီး ချစ်ဖို့ကောင်းသလို နွေရာသီနဲ့လည်း အရမ်းလိုက်ဖက်တဲ့ Skirt အတို Outfit Idea လေးပါ။

ရှင်းရှင်းလေးနဲ့ ဘယ်တော့မှရိုးမသွားပဲလှတဲ့ Outfit Idea လေးပါ။ နွေရာသီအတွက်လည်း အရမ်းအဆင်ပြေပါတယ်။

နွေရာသီမှာဆိုရင် Floral Skirt လေးတွေနဲ့ အရမ်းလိုက်ပါတယ်။ ပေါ့ပါးပြီး ပူအိုက်တာသက်သာစေဖို့၊ လှလည်းလှစေဖို့ ဒီလို Top အဖြူလေးတွေနဲ့တွဲဝတ်ပြီး Sneakers အဖြူလေးသာ စီးလိုက်ပါ။

Simple ဖြစ်ပြီး ချစ်ဖို့ကောင်းနေစေမယ့် Outfit Idea လေးပါ။ လူငယ်ဆန်ပြီး ချစ်ဖို့ကောင်းနေမှာပါ။

အခုနောက်ပိုင်းမှာ Trends ဖြစ်လာမယ့် Outfit Idea လေးပဲဖြစ်ပါတယ်။ 90’s Look လေးလည်း ရစေပါတယ်။

Sexy & Cute Look လေးရစေမယ့် ဒီ Outfit Idea လေးကလည်း နွေရာသီအတွက်တော့ ကွက်တိပဲနော်။

Tennis Skirt လေးတွေကို ဒီလိုလက်ပြတ် Top လေးတွေနဲ့ တွဲဝတ်ပြီးတော့ Sneakers လေးတွေစီးတာက ပေါ့ပါးမှုရှိပြီး ချစ်ဖို့ကောင်းစေသလို အပူဒဏ်လည်း သက်သာစေတာကြောင့် နွေရာသီအတွက် အလိုက်ဖက်ဆုံး Outfit လေးပါပဲ။

Skirt အမဲလေးတွေဆိုရင် ဒီလိုအေးပြီး ချစ်ဖို့ကောင်းတဲ့ ချည်သား Top လေးတွေနဲ့သာ ပေါ့ပေါ့ပါးပါးတွဲဝတ်လိုက်ပါ။ လှလည်းလှသလို ချစ်ဖို့လည်းကောင်းပါတယ်။

ပွဲတွေသွားတဲ့အခါမှာပဲဖြစ်ဖြစ် အမိုက်စားဖက်ရှင်လေးနဲ့ ဆွဲဆောင်မှုရှိချင်တဲ့အခါမှာပဲဖြစ်ဖြစ် ဒီ Outfit Idea လေးကိုသာ ရွေးချယ်လိုက်နော်။ အရမ်းလှပါတယ်။

ရင်ပြတ် Top လေးတွေက အခုနောက်ပိုင်းမှာ အရမ်း Trends ဖြစ်နေတာကြောင့် Simple ဖြစ်ပြီး ဖက်ရှင်ကျကျနဲ့လှတဲ့ Look မျိုး လိုချင်ရင်တော့ ဒီ Outfit Idea လေးအတိုင်းသာ ဝတ်ကြည့်လိုက်နော်။