အရပ်ရှည်ပြီး ခန္ဓာကိုယ်သွယ်တဲ့ကောင်မလေးတွေ ရွေးချယ်သင့်တဲ့ စကပ်အတိုဖက်ရှင်တွေကို ဖော်ပြပေးလိုက်ပါတယ်။ အရပ်ရှည်ပြီး ခန္ဓာကိုယ်လည်းသွယ်တယ်ဆိုရင် အတိုလေးတွေ၊ အကျပ်လေးတွေနဲ့ အရမ်းလိုက်ပါတယ်။ ဒါကြောင့် ဒီဖက်ရှင်လေးတွေကိုလည်း ကြိုက်နှစ်သက်မယ်လို့ ထင်ပါတယ်။

အရပ်ရှည်ပြီး ခန္ဓာကိုယ်သွယ်ရင် စကပ်အတိုအကျပ်လေးတွေ Mini စကပ်လေးတွေကို များများဝတ်ပါ။ အရမ်းလိုက်ပါတယ်။ ဒီလိုစကပ်လေးတွေဝတ်တဲ့အခါမှာ အင်္ကျီကိုယ်ကျပ်လက်ရှည်လေးတွေဝတ်ပြီး ဒေါက်ဖိနပ်လေးတွေ၊ Ankle boots လေးတွေစီးမယ်ဆိုရင်တော့ ဖက်ရှင်ကျပြီး မိမိုက်နေမှာပါ။

ဒီလိုစကပ်အတိုအကားလေးတွေဝတ်မယ်ဆိုရင် အင်္ကျီအဖြူလေးတွေ၊ မိန်းကလေးဆန်တဲ့အင်္ကျီလေးတွေနဲ့ တွဲဝတ်ကြည့်ပါ။ ဝတ်တဲ့အခါမှာ အင်္ကျီကို စကပ်ထဲထည့်ဝတ်ပါ။ ပြီးရင် ထိပ်ပိတ်ဖိနပ်အပါးလေးတွေစီးပါ။ ဒါဆိုရင်တော့ ချစ်ဖို့ကောင်းတဲ့ပုံစံလေး ဖြစ်စေမှာပါ။

အရပ်ရှည်ပြီး ခန္ဓာကိုယ်သွယ်တဲ့ကောင်မလေးတွေက Tennis skirt အကွက်လေးတွေဝတ်မယ်ဆိုရင် ဆွယ်တာလက်ရှည်လေးတွေ၊ Hoodie လေးတွေနဲ့ တွဲဝတ်တာက ပိုပြီးချစ်ဖို့ကောင်းပါတယ်။ အင်္ကျီကို စကပ်ထဲထည့်မဝတ်ပါနဲ့။ ဖိနပ်ကိုတော့ ထိပ်ပိတ်ဖိနပ်အပါးလေးတွေ၊ Sneakers လေးတွေစီးပါ။

Tennis skirt ဗြောင်လေးတွေကိုဝတ်မယ်ဆိုရင် တီရှပ်အပွလေးတွေနဲ့ တွဲဝတ်ကြည့်ပါ။ အရပ်ရှည်တဲ့ကောင်မလေးတွေဆိုရင်တော့ အင်္ကျီကို စကပ်ထဲထည့်ဝတ်တာထက်၊ အပြင်ထုတ်ဝတ်တာနဲ့ ပိုပြီးလိုက်ပါတယ်။ ဒီပုံစံလေးဆိုရင် ပေါ့ပေါ့ပါးပါးနဲ့ ချစ်ဖို့ကောင်းတဲ့ပုံစံလေး ဖြစ်စေပါတယ်။ ဖိနပ်ကိုတော့ အပါးလေးပဲစီးစီး၊ ထိပ်ပိတ်ဖိနပ်အပါးလေးပဲစီးစီး၊ Sneakers ပဲစီးစီး ကြိုက်တာစီးလို့ရပါတယ်။

အရပ်ရှည်ပြီး ပိန်ပိန်သွယ်သွယ်ကောင်မလေးတွေက ဒီလိုစကပ်လေးတွေနဲ့လည်း လိုက်ဖက်ပါတယ်။ အင်္ကျီကိုယ်ကျပ်လေးတွေနဲ့ဝတ်ပြီး ဒေါက်ဖိနပ်လေးစီးရင်တော့ တည်ငြိမ်တဲ့ပုံစံလေးနဲ့ လှနေမှာပါ။

အရပ်ရှည်ပြီး ခန္ဓာကိုယ်သွယ်တဲ့ကောင်မလေးတွေက ဂျင်းစကပ်တွေနဲ့လည်း လိုက်ပါတယ်နော်။ ကိုယ်ကြိုက်တဲ့အင်္ကျီလေးတွေနဲ့ တွဲဝတ်လို့ရပါတယ်။ ဒါပေမယ့် ကိုရီးယားဆန်ဆန်လေးကြိုက်ရင်တော့ ဒီလိုပုံစံမျိုးလေးဝတ်ကြည့်ပါ။

photo source: www.pinterest.com