ဘောင်းဘီအတိုတွေက စကပ်တိုလို လေတိုက်ရင် အပေါ်လှန်တက်သွားမှာကို မစိုးရိမ်ရတာမို့ အတို စဝတ်ချင်တဲ့ ပျိုမေတို့နဲ့ သင့်တော်ပါတယ်။ ဘောင်းဘီတိုက စိုစွတ်ပူအိုက်တဲ့ ရာသီဥတုနဲ့လည်း လိုက်ဖက်ပါတယ်။ ဒါ့အပြင် သင့်ကို နဂိုထက် ပေါ့ပါးလွတ်လပ်စေပါတယ်။ သင်က သင့်စတိုင်ကို စပြောင်းချင်တယ်ဆိုရင် အတိုလေးတွေ ဝတ်ကြည့်သင့်ပါတယ်။ ဘောင်းဘီတိုက သင့်ပုံစံကို အများကြီး ခေတ်ဆန်သွားစေတာမျိုး မဟုတ်ဘဲ လူငယ်ဆန်ဆန် လှသွားစေပါတယ်။ ဒီတော့ ပေါ့ပေါ့ပါးပါးနဲ့ လှနေစေမယ့် ဘောင်းဘီတို အတွဲအစပ်ဖက်ရှင် အိုင်ဒီယာတွေကို ကြည့်လိုက်ရအောင်နော်-

၁။ ဘောင်းဘီခါးရှည်ကို အပေါ်ထပ်လေးနဲ့ တွဲဝတ်မယ်

၂။ အပေါ်ရှပ်အပွကို ဘောင်းဘီထဲ ထည့်ဝတ်မယ်

၃။ တီရှပ်လက်ရှည်နဲ့

၄။ အင်္ကျီလက်ပြတ်နဲ့

၅။ ကော်လံရှပ်နဲ့ စမတ်ကျကျ

၆။ အပေါ်အောက် ဆင်တူ

Photo Source: Pinterest

By MyStyle Myanmar