Short pants လေးတွေဝတ်ရတာကိုကြိုက်တဲ့ ကောင်မလေးတွေအတွက် ဒီတစ်ခါမှာတော့ short pants နဲ့ အထာကျပြီး မိုက်နေစေမယ့် fashion outfits တွေကို ဖော်ပြပေးလိုက်ပါတယ်။

ဒီ outfit ဆိုရင် အထာကျပြီး မိုက်သလို လှလည်းလှမယ့် ပုံစံမျိုးပါ။ ဒီလို outfit မျိုးဝတ်မယ်ဆိုရင် sneakers စီးတာထက် ဒေါက်ဖိနပ်စီးတာက ပိုမိုက်ပါတယ်။

ကုတ်လေးဝတ်မယ်ဆိုရင်တော့ jean short pant လေးနဲ့ ဒီလိုလေး တွဲဝတ်ပါ။ နေကာမျက်မှန်လေးတွေတပ်တာက အခုနောက်ပိုင်းမှာ အရမ်း trends ဖြစ်နေတာပါ။

ဒီ outfit လေးဆိုရင် freestyle လေးနဲ့ အထာကျပြီးမိုက်နေစေမယ့် fashion ပါ။ မျက်မှန်ပါရင် ပိုမိုက်ပါတယ်။

Biker short လေးတွေဝတ်မယ်ဆိုရင်တော့ hoodie လေးတွေနဲ့ တွဲဝတ်ပြီး ဦးထုပ်လေးလည်း ဆောင်းပါ။ ပိုပြီးမိုက်ပါတယ်။

Biker short ကို နောက်တစ်မျိုး ဒီလိုလေးလည်း ဝတ်လို့ရပါသေးတယ်။ Fashion ကျပြီး မိုက်နေစေမယ့် outfit မျိုးဖြစ်ပါတယ်။

Short pant လေးကို oversized tee နဲ့ ဝတ်မယ်ဆိုရင် ဒီလို outfit အပြည့်အစုံနဲ့သာဝတ်ပါ။ အထာကျပြီး မိုက်သလို လွတ်လပ်ပေါ့ပါးတဲ့ပုံစံလေးလည်း ဖြစ်ပါတယ်။

Short pant ကို ဒီလိုအင်္ကျီလေးတွေနဲ့ တွဲဝတ်တာကျတော့ ဆွဲဆောင်မှုရှိစေပါတယ်။ အထာကျတဲ့ပုံစံလေးဖြစ်အောင် sneakers လေးတွေစီးပြီး နေကာမျက်မှန်လေးပါ ဆောင်ထားပါ။

ဒီ outfit idea လေးဆိုရင် ဆွဲဆောင်မှုရှိပြီး အရမ်းမိုက်တာကြောင့် အထာကျကျလေးတွေ ဝတ်ရတာကြိုက်ရင် ဒီလို outfit မျိုးကိုသာ ရွေးချယ်ပါ။

Short pant ကို ဘာနဲ့တွဲဝတ်ရမှန်းမသိရင် black tank top လေးတွေနဲ့ တွဲဝတ်ပြီး sneakers အဖြူလေးသာ စီးလိုက်ပါ။ မျက်မှန်နဲ့ အိတ်ကတော့ အခုနောက်ပိုင်းမှာ အရမ်း trends ဖြစ်နေတဲ့ ပုံစံတွေဖြစ်တာကြောင့် ကိုယ်ဝတ်မယ့် outfit ကို ပိုပြီးပြည့်စုံသွားစေပါတယ်။

Photo source:www.pinterest.com