တစ်ဖြေးဖြေးနဲ့ ရာသီဥတုကလည်း ပူလာပြီဆိုတော့ အဝတ်အစားဝတ်တဲ့အခါမှာ အပူဒဏ်သက်သာစေတာမျိုးကို ရွေးပြီးဝတ်သင့်ပါတယ်။ ဝတ်တဲ့အခါမှာလည်း ဖက်ရှင်ကျပြီး ချစ်ဖို့ကောင်းနေအောင် ရာသီဥတုပူတဲ့အချိန်မှာ ဝတ်ဖို့အတွက် ချစ်စရာကောင်းတဲ့ ဘောင်းဘီတိုဖက်ရှင်လေးတွေကို မျှဝေပေးလိုက်ပါတယ်။ ဘောင်းဘီတိုလေးတွေကို ဘယ်လိုအင်္ကျီမျိုးနဲ့ တွဲဖက်ဝတ်ဆင်ရင် အပူဒဏ်သက်သာပြီး ချစ်ဖို့ပိုကောင်းသွားမလဲဆိုတာကို ဒီဖက်ရှင်လေးတွေမှာ တွေ့ရမှာပဲ ဖြစ်ပါတယ်။

ဒီလိုအင်္ကျီလေးတွေက ဝတ်လိုက်ရင် အရမ်းချစ်ဖို့ကောင်းပါတယ်။ ဘောင်းဘီတိုအကားလေးတွေနဲ့ တွဲဝတ်လို့လည်းရသလို တခြားဘောင်းဘီအကျပ်လေးတွေနဲ့ တွဲဝတ်ရင်လည်း ချစ်ဖို့ကောင်းပြီး အပူဒဏ်သက်သာစေပါတယ်။

ခုနကလို လက်ပြတ်အင်္ကျီလေးကို ဒီလိုဘောင်းဘီလေးနဲ့ တွဲဝတ်ပြီး ဘောင်းဘီအထဲကို ထည့်ဝတ်တာမျိုးလေးကလည်း ချစ်ဖို့ကောင်းပါတယ်။

ရာသီဥတုပူတဲ့အချိန်မှာ အင်္ကျီအဖြူလေးတွေကတော့ ဝတ်လို့အကောင်းဆုံးပါပဲ။ ဂျင်းဘောင်းဘီအတိုလေးတွေနဲ့ တွဲဝတ်ရင်တော့ အလိုက်ဖက်ဆုံးပါပဲ။

ဒီလိုဘောင်းဘီအတိုအကားကို ရိုးရိုး Top လေးတွေနဲ့ တွဲဝတ်တာလည်း လွတ်လပ်ပေါ့ပါးမှုရှိပြီး ချစ်ဖို့ကောင်းပါတယ်။ အပူဒဏ်လည်း သက်သာစေပါတယ်။

ဘာဝတ်ရမှန်းသိပ်မစဉ်းစားချင်တဲ့ နေ့တွေဆိုရင် တီရှပ်လေးကို ဂျင်းဘောင်းဘီအတိုလေးနဲ့သာ တွဲဝတ်လိုက်ပါ။

တီရှပ်အင်္ကျီအဖြူဗြောင်ကို ဒီလိုဘောင်းဘီအတိုလေးနဲ့ တွဲဝတ်ပြီး ခါးပတ်လေးသာပတ်လိုက်ရင် စတိုင်လ်ကျပြီး ရှင်းရှင်းလေးနဲ့ ချစ်ဖို့ကောင်းနေမှာပါ။

ဒီဖက်ရှင်လေးဆိုရင် ပွဲလည်းတိုးသလို အပူဒဏ်လည်း သက်သာစေတယ်၊ အရမ်းလည်းချစ်ဖို့ကောင်းပါတယ်။

ချစ်ဖို့ကောင်းတဲ့ ချည်သားအင်္ကျီလေးတွေကို ဒီလိုဘောင်ဘီအတိုလေးနဲ့ တွဲဝတ်လိုက်ရင်တော့ ရိုးရှင်းပြီး အရမ်းချစ်ဖို့ကောင်းသလို ဝတ်ရတာလည်း ပေါ့ပါးနေမှာပါ။

ကြိုးတစ်လုံးလေးတွေ ဝတ်နေကျသူဆိုရင် ဂျင်းဘောင်းဘီအတိုကို ကြိုးတစ်လုံးလေးနဲ့ တွဲဝတ်ပြီး ခါးပတ်လေးသာ ပတ်လိုက်ပါ။ စတိုင်လ်ကျပြီး ချစ်ဖို့ကောင်းနေမှာပါ။

ဒီလိုဘောင်းဘီအတိုအဖြူ အကားလေးတွေကို ကော်လံနဲ့ရှပ်အင်္ကျီ လက်တိုလေးတွေနဲ့သာ တွဲဝတ်လိုက်မယ်ဆိုရင် စတိုင်လ်ကျပြီး ရိုးရိုးရှင်းရှင်းလေးနဲ့ ချစ်ဖို့ကောင်းနေမှာ သေချာပါတယ်။

Photo source:www.pinterest.com