အခုနောက်ပိုင်းမှာဆိုရင် bkk fashion ဖြစ်တဲ့ ဘောင်းဘီတိုအပွလေးတွေက အရမ်းခေတ်စားလာပါတယ်။ ဒီဘောင်းဘီတိုတွေက အပွလည်းဖြစ်တော့ အမြင်မရိုင်းပဲ ဝတ်ရတာသက်တောင့်သက်သာနဲ့ ပေါ့ပါးမှုရှိစေပါတယ်။ ဒါကြောင့် ဒီဘောင်းဘီတိုအပွလေးတွေကို ဘယ်လိုဖက်ရှင်တွေနဲ့ တွဲဖက်ဝတ်ဆင်ရင် ပိုပြီးချစ်ဖို့ကောင်းသွားမလဲဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။

ဘောင်းဘီတိုအပွလေးတွေကို ရှပ်အင်္ကျီအစင်းလေးတွေနဲ့ တွဲဝတ်တာက ပေါ့ပါးပြီး fresh ဖြစ်စေတဲ့ ဖက်ရှင်ပုံစံလေးပါ။

ဒီလို pattern လှတဲ့အင်္ကျီလေးတွေနဲ့တွဲဝတ်ပြီး ခါးပတ်လေးပတ်ထားရင် ဖက်ရှင်ကျပြီး ချစ်ဖို့ကောင်းပါတယ်။

Crop top လက်ပြတ်လေးတွေနဲ့ တွဲဝတ်မယ်ဆိုရင်လည်း လူငယ်ဆန်ပြီး ချစ်ဖို့ကောင်းပါတယ်။

ဘောင်းဘီတိုအပွလေးတွေကို ကြိုးတစ်လုံးလေးနဲ့တွဲဝတ်ရင်လည်း အရမ်းချစ်ဖို့ကောင်းပါတယ်။

ဘောင်းဘီတိုအပွလေးကို ဒီလိုလက်ရှည်ရှပ်အင်္ကျီလေးနဲ့ တွဲဝတ်ရင်လည်း အရမ်းချစ်ဖို့ကောင်းပါတယ်။ ရိုးရိုးလေးနဲ့ကို ချစ်ဖို့ကောင်းပါတယ်။

တီရှပ်လေးတွေနဲ့တွဲဝတ်ရင်လည်း ပေါ့ပေါ့ပါးပါးနဲ့ လုံးဝကို freestyle ပုံစံလေးဖြစ်စေပါတယ်။

ဘောင်းဘီတိုအပွလေးကို shoulder off လေးတွေနဲ့လည်း တွဲဝတ်လို့ရပါတယ်။ သူကတော့ summer fashion look လေး ရစေပါတယ်။

ရိုးရိုးရှင်းရှင်း ဒီလိုအင်္ကျီကိုယ်ကျပ်လေးတွေနဲ့ တွဲဝတ်လို့လည်း ရပါသေးတယ်။

ဒီလိုရှပ်အင်္ကျီအပျော့သားလေးနဲ့လည်း တွဲဝတ်လို့ရပါတယ်။ ဘောင်းဘီနဲ့ အရောင်ဆင်တူလေး ဝတ်မယ်ဆိုရင်တော့ ဝမ်းဆက်ပုံစံလေးတောင် ဖြစ်သွားပါသေးတယ်။

ဘောင်းဘီတိုအပွလေးကို ချစ်ဖို့ကောင်းတဲ့၊ ဒီဇိုင်းလှတဲ့ cardigan လေးနဲ့လည်း တွဲဝတ်ကြည့်ပါ။ အရမ်းချစ်ဖို့ကောင်းပါတယ်။

ကိုယ်ဝတ်မယ့်ဘောင်းဘီတိုအပွက အမဲရောင်လေးဆိုရင် ရှပ်အကီၤျကို ဒီလိုအညိုလေး၊ ချောကလက်ရောင်လေးနဲ့သာ တွဲဝတ်ကြည့်ပါ။ အရမ်းချစ်ဖို့ကောင်းပါတယ်။

photo source:www.pinterest.com