လက်သည်းရှည် မဟုတ်ရင် လက်သည်းပုံဖော်ဖို့က ခက်ခဲတတ်ပါတယ်။ လက်သည်းပါးတဲ့ မိန်းကလေးတွေ၊ လက်သည်းရှည်လာရင် မနေတတ်တဲ့ မိန်းကလေးတွေ၊ လက်သည်းရှည် ထားဖို့ စိတ်မရှည်တဲ့ မိန်းကလေးတွေအတွက်တော့ လက်သည်းရှည်က ဘယ်လိုမှ အဆင်ပြေမှာ မဟုတ်ပါဘူး။ ဒီတစ်ခေါက်မှာတော့ လက်သည်းမရှည်ရင်တောင် လက်သည်းတိုတိုလေးမှာ ဆိုးနိုင်တဲ့ လက်သည်းနီ ဒီဇိုင်းတွေကို ဖော်ပြလိုက်ပါတယ်​။ လက်သည်းနီ အရောင်လေးတွေက ချစ်စရာကောင်းတာကြောင့် ပျိုမေတို့ သဘောကျမှာပါ။

အရောင်ငြိမ်ငြိမ်လေးနဲ့ ချစ်ဖို့ကောင်းတဲ့ လက်သည်းနီ ပုံစံလေး

အစိမ်းနဲ့ ပန်းရောင်တွဲစပ်လို့ ရသလို အပြာနဲ့လည်း လူငယ်ဆန်စေပါတယ်။

လူငယ်ဆန်ဆန် ပေါ့ပေါ့ပါးပါး စတိုင်နဲ့ လိုက်ဖက်မယ့် ပုံစံ ဖြစ်ပါတယ်။

Smile ပုံလေးတွေ၊ Tulip ပန်းလေးတွေကို နှစ်သက်တဲ့ ပျိုမေတို့ အကြိုက်တွေ့မှာပါ။

Tulip ပန်းလေးတွေချည်းပဲ ဆိုးချင်တယ်ဆိုရင်တော့ ဒီပုံစံလေးနဲ့ အဆင်ပြေပါတယ်။

အရောင်အညိုလေးက ဆင်စွယ်ရောင်၊ အညိုရောင် အင်္ကျီလေးတွေနဲ့ လိုက်ဖက်ပါတယ်။

လူငယ်ဆန်ဆန် ချစ်ဖို့ကောင်းတဲ့ လက်သည်းနီ ဒီဇိုင်းလေး

အဝါရောင်က အသားလင်းစေပြီး တက်ကြွတဲ့ လက်သည်းလေးတွေကို ပိုင်ဆိုင်စေပါလိမ့်မယ်။

ကြက်ဥကြော် ပုံစံလေးက အိုင်ဒီယာကောင်းလေးပါ။

သရဲပုံစံ သဘောကျတဲ့ ကောင်မလေးတွေ ဆိုးနိုင်မယ့် စတိုင်ပါ။

ချစ်ဖို့ကောင်းပြီး သင့်တစ်နေ့တာကို ပျော်ရွှင်စေမယ့် လက်သည်းနီ ဒီဇိုင်း ဖြစ်ပါတယ်။

ဒီပုံက ပုံဖော်ဖို့ခက်ပေမယ့် သေချာ ဆိုးမယ်ဆိုရင်တော့ ဘယ်တော့မှ မပျက်စေချင်မယ့် လက်သည်းနီ ဒီဇိုင်း ဖြစ်ပါတယ်။

ဒီပုံစံတွေထဲမှာ သင် သဘောအကျဆုံး ဖြစ်မယ့် ပုံစံလေးက ဘာဖြစ်မလဲ ပြောပြခဲ့ပါဦး။

Photo Source: Pinterest

By MyStyle Myanmar