မိုးရွာတဲ့နေ့တွေမှာ Jeans ဘောင်းဘီအတိုလေးတွေနဲ့ တွဲဖက်ဝတ်ဆင်ဖို့အတွက် Outfit Idea လေးတချို့ကို မျှဝေပေးလိုက်ပါတယ်။ လက်ရှည်တွေ၊ အပေါ်ထပ်တွေနဲ့ တွဲဝတ်တဲ့ Outfit လေးတွေချည်းပဲဖြစ်ပါတယ်။
မိုးရွာရင် Jacket လေးတွေက အရမ်းဝတ်လို့ကောင်းတာကြောင့် ဒီ Outfit လေးဆိုရင် မိုးရွာတဲ့နေ့အတွက် ကွက်တိပဲနော်။ Fashion ကျပြီး လူငယ်ဆန်နေစေမှာပါ။
အထာကျကျနဲ့မိုက်နေစေမယ့် Outfit Idea လေးပဲဖြစ်ပါတယ်။ Jacket တွေဝတ်ရတာကြိုက်တဲ့သူတွေဆိုရင် ဒီ Outfit လေးကို သဘောကျမှာပါ။
အဖြူနဲ့အနက်နဲ့ Jeans ဘောင်းဘီအတိုနဲ့ကို တွဲဖက်ဝတ်ဆင်ထားတဲ့ ဒီ Outfit Idea လေးကတော့ Fashion ကျလှပနေစေမှာပါ။ မိုးရွာတဲ့နေ့မဟုတ်လည်း ဝတ်လို့ကောင်းတဲ့ Outfit လေးလည်းဖြစ်ပါတယ်။
မိုးရွာရင် Hoodie ထုတ်ဝတ်တာက Fashion တစ်ခုပါပဲ။ ဒီ Outfit Idea လေးကတော့ အဖြူနဲ့အနက်ကြိုက်တဲ့ ကောင်မလေးတွေအတွက်ပါ။
Jeans ဘောင်းဘီအတိုလေးတွေကို ဒီလို cardigan လက်ရှည်လေးတွေနဲ့ တွဲဝတ်တာလည်း မိုးရွာတဲ့နေ့အတွက် အဆင်ပြေတာပါပဲ။
နောက်တစ်မျိုးအနေနဲ့ Jeans ဘောင်းဘီအတိုကို လက်ရှည်ကိုယ်ကြပ်အင်္ကျီလေးတွေနဲ့ တွဲဝတ်ကြည့်ပါ။ ရိုးရိုးလေးနဲ့လှသလို မိုးရွာတဲ့နေ့အတွက်လည်း ကွက်တိပဲနော်။
မိုးရွာတဲ့နေ့အတွက် အလိုက်ဖက်ဆုံးကတော့ ဒီလို Hoodie အပွကြီးတွေကို Jeans ဘောင်းဘီအတိုနဲ့ တွဲဝတ်တာပါပဲ။
မိုးအေးတဲ့အခါ Jeans ဘောင်းဘီအတိုကို ဒီလို Coat လေးတွေနဲ့လည်း တွဲဖက်ဝတ်ဆင်နိုင်ပါသေးတယ်။
မိုးအေးတဲ့နေ့တွေမှာဝတ်ဖို့အတွက် မိန်းကလေးဆန်ပြီး ချစ်ဖို့ကောင်းနေစေမယ့် Outfit Idea လေးပါ။
ပေါ့ပါးမှုရှိပြီး Fashion ကျလှပနေတဲ့ ဒီ Outfit Idea လေးကလည်း မိုးရွာတဲ့နေ့တွေအတွက် အရမ်းအဆင်ပြေတယ်နော်။
ဘယ်တော့မှရိုးမသွားစေမယ့် Outfit Idea လေးပါ။ မိုးရွာတဲ့နေ့တွေအတွက်လည်း အဆင်ပြေသလို တခြားသောနေ့တွေမှာလည်း ဝတ်လို့အဆင်ပြေပါတယ်။
မိန်းကလေးဆန်ပြီး ချစ်ဖို့ကောင်းနေစေမယ့် ဒီ Outfit Idea လေးကလည်း မိုးရွာတဲ့နေ့တွေမှာ ဝတ်သင့်တဲ့ Outfit လေးပါ။
 
											
				 
									











 
				 
				 
				 
				 
				 
				 
				 
				 
				 
				 
				