ဂျင်းဘောင်းဘီအတိုလေးတွေက ဘယ်အချိန်ပဲဖြစ်ဖြစ် ဝတ်ရတာပေါ့ပါးမှုရှိပြီး သက်တောင့်သက်သာ ဖြစ်စေပါတယ်။ ဒါ့အပြင် ဘယ်တော့မှရိုးမသွားစေတဲ့ ဖက်ရှင်တစ်ခုလို့လည်း ပြောလို့ရပါတယ်။ ဒါကြောင့် ဒီတစ်ခေါက်မှာတော့ လူငယ်ဆန်ပြီး ဖက်ရှင်ကျလှပနေစေမယ့် ဂျင်းဘောင်းဘီအတိုဖက်ရှင်တွေကို မျှဝေပေးလိုက်ပါတယ်။

ဒီဖက်ရှင်လေးဆိုရင် အထာကျကျနဲ့ စတိုင်လ်ကျလှပနေစေမယ့် ဖက်ရှင်လေးပါ။ ထသွားထလာအတွက်လည်း အဆင်ပြေသလို ခရီးသွားအတွက်လည်း အဆင်ပြေတယ်နော်။

 

Freestyle ပုံစံလေးနဲ့ အရမ်းကိုပေါ့ပါးမှုရှိစေမယ့် ဖက်ရှင်လေးပါ။ လူငယ်လည်းဆန်ပါတယ်။

ဒီဖက်ရှင်လေးကတော့ နွေရာသီလို ရာသီဥတုပူတဲ့အချိန်အခါမှာ ဝတ်ဖို့အတွက် ပိုပြီးလိုက်ဖက်ပါတယ်။ ချစ်ဖို့ကောင်းတဲ့ ဖက်ရှင်လေးပါ။

Simple ဖြစ်ပြီး လှနေစေမယ့် ဂျင်းဘောင်းဘီအတို ဖက်ရှင်လေးပဲ ဖြစ်ပါတယ်။

ကြိုးတစ်လုံး Bodysuit လေးတွေကို ဂျင်းဘောင်းဘီအတိုနဲ့ တွဲဝတ်ပြီး Sneakers စီး၊ ဦးထုပ်ဆောင်းတာမျိုးက အထာကျတဲ့ဖက်ရှင်လေးပါပဲ။

အခုခေတ်စားနေတဲ့ ဒီလို Top လေးတွေကို ဂျင်းဘောင်းဘီအတိုနဲ့ တွဲဝတ်တာလည်း အရမ်းလိုက်ဖက်ပါတယ်။ Sneakers လေးစီးလိုက်ရင်တော့ Perfect ဖြစ်သွားမှာပါ။

ပေါ့ပေါ့ပါးပါးဝတ်ဖို့အတွက် အသင့်တော်ဆုံးဖက်ရှင်လေးပါ။ ချစ်ဖို့ကောင်းပြီး Simple ဖြစ်ပါတယ်။

လူငယ်ကောင်မလေးတွေအတွက် ပေါ့ပါးမှုရှိပြီး ချစ်ဖို့ကောင်းစေမယ့် ဖက်ရှင်လေးပါ။ ဘယ်လိုရာသီဥတုမျိုးမှာမဆို ဝတ်ရတာအဆင်ပြေမှာပါ။

ဒီလို Top လေးတွေဝတ်မယ်ဆိုရင် ဂျင်းဘောင်းဘီအတိုကို ဘေးနည်းနည်းကားတာလေးနဲ့ တွဲဝတ်ပါ။ ပိုလိုက်ဖက်ပြီး လှပါတယ်။

အထာကျပြီး လှနေစေမယ့် ဖက်ရှင်လေးပါ။ အခုနောက်ပိုင်းမှာ Boots လေးတွေစီးတာ ခေတ်စားနေတာဆိုတော့ ဒီလိုလေးဝတ်ကြည့်နော်။

ရာသီဥတုအေးတဲ့အခါမှာဆိုရင်တော့ ဂျင်းဘောင်းဘီအတိုကို Hoodie လေးနဲ့သာ တွဲဝတ်လိုက်နော်။