သင်က အပြောင်းအလဲ ဖြစ်ချင်လို့ ဆံပင်တို ညှပ်လိုက်တယ် ဒါမှမဟုတ် အသည်းကွဲလို့ ဆံပင်တို ညှပ်လိုက်တယ်၊ ပေါ့ပေါ့ပါးပါး ဖြစ်ချင်လို့ ဆံပင်တို ညှပ်လိုက်တယ် စသဖြင့် လက်ရှိမှာ ဆံပင်တို ပိုင်ဆိုင်ထားရင် ဒီဆံပင်တိုကို သင်ပိုလှဖို့အတွက် အခွင့်အရေးအနေနဲ့ အသုံးချသင့်ပါတယ်။ ဆံပင်တိုက ကိုယ့်မျက်နှာကို ပိုပေါ်သွားစေပြီး ပိုထူးခြားကာ လှစေနိုင်ပါတယ်။ ဒါပေမဲ့ ဆံပင်တို ညှပ်ထားတဲ့ ပျိုမေတို့အနေနဲ့ ဖြစ်နိုင်ရင် ပုံသွင်းပေးတာက အကောင်းဆုံးပါ။ မဟုတ်ရင် ဆိုင်က ညှပ်ပြီး ပုံသွင်းလိုက်တဲ့ ရက်ပိုင်းအတွင်းပဲ ဆံပင်တိုက ပုံကျတာမျိုး ဖြစ်တတ်ပါတယ်။ ဆံပင်တို ညှပ်ထားတာကြောင့် ဘယ်လိုပုံစံ ပုံသွင်းနိုင်မလဲ အခွင့်အရေး ရတုန်း လုပ်ကြည့်သင့်ပါတယ်။ ဒီတော့ ကြည့်လိုက်ရအောင်နော်-

အပေါ်ပိုင်းကိုပဲ ချန်ကာ ကျန်တဲ့ ဆံပင်ကို ကောက်မယ်

ဘေးဘက် ပွပွလေးနဲ့ သိပ်ပုံသွင်းစရာ မလိုတဲ့ ဆံပင်တို ပုံစံ။ ရှေ့ ဆံမြိတ်လေး ချထားမယ်ဆိုရင် ပိုချစ်ဖို့ကောင်းသွားပါလိမ့်မယ်။

ဆံမြိတ်ကိုမှ ဘေးဘက် ဖြာထွက် နေတာမျိုးလေး ပုံသွင်းကြည့်သင့်ပါတယ်။ ကိုးရီးယား ဆန်ဆန် Vibe ကို ပိုင်ဆိုင်မှာ မလွဲပါပဲ။

ရှေ့ ဆံမြိတ်ကိုရော ဆံပင်ကြားထဲကိုပါ Highlight လေး ဖောက်ကြည့်သင့်ပါတယ်။ ဆံပင်တိုရင် Highlight တွေက ဆိုးထားတာ ပိုသိသာတာမို့လို့ပါ။

ဆံပင်တို ညှပ်ထားတဲ့ မိန်းကလေးတွေက ဆံပင်ထုံးရတာ ပိုလွယ်ပါတယ်။ ဆံပင်မချထားချင်တဲ့ ရက်တွေ ဒီလို မျိုးလေး စည်းကြည့်သင့်ပါတယ်။

ဆံပင်အတိုကို Digital Perm လုပ်လိုက်တာကလည်း ဆံပင် ပိုထူသွားတဲ့ ပုံစံ ပေါ်ပါတယ်။ ဆံပင်ပါးတဲ့ ကောင်မလေးတွေ ပုံသွင်းကြည့်သင့်တဲ့ ပုံစံပါ။

ဆံပင်အတိုအကောက်ကိုမှ ရှေ့ဆံမြိတ်တွေပါ ကောက်လိုက်တဲ့အခါ နိုင်ငံခြားမလေးလို ထင်ရစေပါလိမ့်မယ်။

ဆံပင်ကို ဖောင်းဖောင်းလေး ပုံသွင်းတာကလည်း မျက်နှာသေးတဲ့ ကောင်မလေးတွေနဲ့ လိုက်ဖက်ပြီး ချစ်ဖို့ ကောင်းပါတယ်။

ဆံပင်တိုကို ပုံစံ တစ်မျိုးနဲ့ မလှရင် နောက် Parting ခွဲကြောင်း တစ်ခုနဲ့ စမ်းလုပ်ကြည့်သင့်ပါတယ်။

ရှေ့ Side Curtain Bang လေးကလည်း ဆံပင်တိုတဲ့ မိန်းကလေးတွေနဲ့ လိုက်ဖက်ပြီး အခုရေပန်းစားနေတဲ့ စတိုင်ပါ။

Photo Source: Pinterest

By MyStyle Myanmar