ဆံပင်ရှည်က တချို့မိန်းကလေးတွေအတွက် ပိုရှည်လေ ပိုလှလေလို့ ပြောနိုင်ပေမယ့် တချို့ မိန်းကလေးတွေအတွက်တော့ ညှပ်ကြည့်လိုက်မှ ပိုလိုက်မှန်း သိလာတာတွေ ရှိပါတယ်။ ဒါ့အပြင် ဆံပင်ဆိုတာက ပိုရှည်လာလေ ခေါင်းပိုလေးလာလေပါပဲ။ ဆံပင်မှာ ဖုန်မှုန့်တွေ ကပ်ငြိလာတဲ့အချိန်၊ ခေါင်းမလျှော်တာ ကြာတဲ့အချိန်မှာ ဆံပင်က ပိုလေးလံလာပြီး ခေါင်းကိုက်တာ ဖြစ်နိုင်ပါတယ်။ ဆံပင်ညှပ်လိုက်မှ ပေါ့ပေါ့ပါးပါး ပိုဖြစ်သွားတာကို သင်က ဆံပင်အတို ညှပ်ဖူးရင် သိမှာပါ။ ဒါ့အပြင် ဆံပင်အတိုက ပုံစံ အမျိုးမျိုး မစည်းနိုင်ပေမယ့် သူ့ရဲ့ ကောင်းကျိုးတစ်ခုကတော့ ဆံပင်အတွက် အချိန် သိပ်ပေးစရာ မလိုတော့တာပါ။ ပုံစံအမျိုးမျိုး ပြောင်းစည်းဖို့လည်း အများကြီး စဉ်းစားစရာ မလိုတော့ပါဘူး။

ဆံပင်တိုကို ညှပ်သင့်တဲ့ မိန်းကလေးတွေကတော့ အလုပ်များတဲ့ မိန်းကလေးတွေ၊ ဆံပင်အတွက် အချိန် မပေးချင်တဲ့ မိန်းကလေးတွေ၊ ခဏလေးနဲ့ ပူတတ်တဲ့ ချွေးထွက်တတ်တဲ့ မိန်းကလေးတွေ ဖြစ်ပါတယ်။ သင်က ဆံပင်ရှည်ကို စွန့်စွန့်စားစား ညှပ်ပစ်ဖို့ စဉ်းစားထားသူဆိုရင်တော့ အောက်ဖော်ပြပါ ဆံပင်တို စတိုင်ကို ရွေးချယ်နိုင်ပါတယ်။

ဆံပင်တို ဂုတ်ဝဲလေး

ယောက်ျားလေးဆန်ဆန် ညှပ်ချင်တဲ့ ပျိုမေတို့နဲ့ လိုက်ဖက်တဲ့ ဆံပင်ပုံစံ

ဆံပင်အတိုကိုမှ ဘေးဘက်သွားတဲ့ ဆံပင်တိုစတိုင်က အများကြီး ပုံမသွင်းချင်တဲ့ ပျိုမေတို့နဲ့ အဆင်ပြေမှာပါ

ဂုတ်ဝဲဆံပင်တိုကိုမှ ဆံမြိတ်ချတဲ့ ပုံစံ

မျက်နှာကြီးတဲ့ ပျိုမေတို့နဲ့ လိုက်ဖက်တဲ့ ကောက်သားပါ ဆံပင်တို

Curtain Bang တစ်ဘက် ပါတဲ့ ဆံပင်တိုက နဖူးကျယ်သူတွေကို ပိုမျက်နှာသွယ်စေပါတယ်

ဆံပင်တိုလွန်းတာ မကြိုက်သူတွေအတွက်

Curtain Bang နှစ်ဘက် ပါတဲ့ ဆံပင်တိုက Heart Shaped Face ပိုင်ရှင်တွေနဲ့ လိုက်ဖက်ပါတယ်

ဆံပင်အဖြောင့်အတို

အောက်ပိုင်း အကောက် ဆံပင်တို

မျက်နှာပိုသွယ်တယ် ထင်ရစေမယ့် ဆံပင်ဂုတ်ဝဲအတို

ဆံပင်အဖြောင့်ကို အတိ ဆံပင်တိုက မျက်နှာသွယ်တဲ့ Oval Shape မျက်နှာနဲ့ မှ အဆင်ပြေပါမယ်။

အောက်ဘက်အဝိုက်လေးနဲ့ ဆံပင်တို

Photo Source: Pinterest

By MyStyle Myanmar