ဆံပင်အတိုညှပ်မယ်လို့ စဉ်းစားထားတဲ့သူတွေအတွက် Short Hairstyle လှလှလေးတွေကို မျှဝေပေးလိုက်ပါတယ်။ ရာသီဥတုပူလာပြီဆိုရင် တော်တော်များများက ဆံပင်ညှပ်ပစ်ချင်ကြပါတယ်။ ညှပ်ပြီဆိုရင်လည်း နောင်တမရအောင် အလှဆုံးဖြစ်အောင်သာ ညှပ်ချလိုက်ပါ။

ရိုးရိုးလေးပဲညှပ်ချင်တယ်ဆိုရင်တော့ ဒီလိုဂုတ်ဝဲလေးညှပ်ပါ။ မျက်နှာလေးပိုလင်းချင်ရင် Hair Color အညိုရောင်လေး ဆိုးလိုက်ပါ။

ဂုတ်ရှင်းအောင် ညှပ်ချင်တယ်ဆိုရင်တော့ ကိုရီးယားမလေးတွေ ညှပ်နေကျဖြစ်တဲ့ ဒီ Hairstyle လေးကို ညှပ်ကြည့်ပါ။

ဒီ Hairstyle ကျတော့ ခုနက Hairstyle ထက် နည်းနည်းပိုတိုပြီး Smart ကျတဲ့ပုံစံလေး ဖြစ်ပါတယ်။

ဆံပင်ကို အရမ်းအတိုကြီးမညှပ်ချင်ဘူးဆိုရင်တော့ ဒီလိုအထပ်လေးတွေညှပ်ကြည့်ပါ။ ကိုရီးယားမလေးတွေ ညှပ်နေကျ Hairstyle လေးဖြစ်လို့ အရမ်းလှပါတယ်။

ပိုပြီးချစ်ဖို့ကောင်းသွားချင်ရင်တော့ အရှေ့ဆံပင်လေးပါညှပ်ပြီး ဒီလို Hairstyle လေး ပြောင်းကြည့်ပါ။

နဂိုဆံပင်ဖြောင့်တဲ့ ကောင်မလေးတွေဆိုရင်တော့ တိုတိုလေးညှပ်မယ်ဆိုရင် ဒီ Hairstyle လေးနဲ့ လိုက်ပါတယ်။

ဟိုးအရင်ထဲက ခေတ်စားတဲ့ Hairstyle လေးဖြစ်သလို ဆွဲဆောင်မှုရှိပြီးမိုက်တဲ့ Hairstyle လေးပါ။

ဆံပင်ကို ဂုတ်ဝဲလေးညှပ်ပြီးတော့ ကိုရီးယားမလေးတွေလိုမျိုး ဆံပင်ကို ဒီလိုလှိုင်းအတွန့်လေး လုပ်လို့လည်းရပါတယ်။ ချစ်ဖို့ကောင်းတဲ့ Hairstyle လေးပါပဲ။

ဆံပင်အတိုညှပ်ချပြီး လုံးဝကို ပုံစံပြောင်းပစ်လိုက်ချင်တယ်ဆိုရင်တော့ ဒီလိုမျိုးသာ ညှပ်ချလိုက်ပါ။

ဆံပင်အုံထူတဲ့သူတွေအတွက် ဆံပင်ပါးလိုက်လို့ရတဲ့ Hairstyle လေးပါ။ မိုက်လည်းမိုက်တာကြောင့် ဆံပင်ကို အရမ်းအတိုကြီးမညှပ်ချင်ဘူးဆိုရင် ဒီလိုလေးတွေ ညှပ်ကြည့်ပါ။

Photo source:www.pinterest.com