ပျိုမေတို့ အားလုံးပဲ မင်္ဂလာပါရှင်။ အလှအပကြိုက်တဲ့ မဒီလေးတွေအတွက် အခုတစ်ခါမှာတော့ ဆံပင်ပုံစံလေးတွေကို ပြောပြပေးချင်ပါတယ်။
မကြာခင်မှာ ပူအိုက်တဲ့ နွေရာသီကို တစ်ကျော့ပြန်လည် ရောက်လာတော့မှာဖြစ်လို့ ဆံပင်ရှည်ရှည်နဲ့နေဖို့၊ အပြင်တွေသွားလာဖို့ဆိုတာ ဘယ်လိုမှ အဆင်မပြေတဲ့ကိစ္စပါ။
ဒါကြောင့် အပူအအိုက်လည်းသက်သာပြီး ယခင်ထက် ပိုနုပျိုသွားစေမယ့် ဆံပင်တိုတိုလေးတွေကို ညှပ်ဖို့စဉ်းစားနေသူလေးတွေအတွက်ဖြစ်ဖြစ်၊ လက်ရှိဆံပင်ဂုတ်ဝဲလေးညှပ်ထားပြီးသားပဲဖြစ်ဖြစ် အဆင်ပြေစေပြီး လှပနေစေမယ့် ဆံပင်ပုံစံပြင်ဆင်နည်းလေးတွေကို ဝေမျှပေးချင်ပါတယ်။
အခုဖော်ပြပေးသွားမယ့် ဆံပင်ပုံလေးတွေကို လိုက်ပြီးပြင်ဆင်ရင်းနဲ့ ဒီ့ထက်ပိုပြီး လှသွားနိုင်ပါစေလို့ မျှော်လင့်ပါတယ်နော်…
တစ်ဝက်ထုံးပုံစံလေးတွေ
ကပိုကရိုလေးနဲ့ နောက်မှာ စုပြီးစည်းမယ်
ကျစ်ဆံမြီးလေးကျစ်ပြီး ဆံထုံးပြန်ထုံးမယ်
လှိုင်းတွန့်လေးကောက်မယ်
ဆံပင်အောက်နားလေးမှာ သေးသေးလေးစုစည်းမယ်
အရှေ့ဆံပင်ကိုလိမ်ပြီး အနောက်ပို့ကာ ကလစ်လေးနဲ့ညှပ်မယ်
ဆံပင်ဘေးခွဲပြီး တစ်ဖက်မှာ ကလစ်လေးပန်မယ်
ရိုးရိုးရှင်းရှင်းနဲ့ ဆံပင်အမြင့်အထုံးလေးထုံးမယ်
Photo Source:Pinterest