မင်္ဂလာပါပျိုမေတို့ရေ။ ဆံပင်တိုညှပ်ချင်ပေမယ့် ဘယ်လိုပုံလေးညှပ်ရမလဲ ရွေးရခက်နေတဲ့သူတွေရှိလား။ ဒါဆိုရင်တော့ ဆက်ပြီးခေါင်းစားစရာမလိုတော့ပါဘူးနော်။ ပျိုမေတို့နမူနာယူနိုင်ဖို့ နာမည်ကြီး Kpop Idol တွေကိုယ်တိုင် ထားလေ့ရှိတဲ့ ခေတ်ဆန်ဆန် ဆံပင်အတိုစတိုင်လေးတွေကို ဖော်ပြပေးချင်ပါတယ်။ ဆံပင်အတိုက ကိုယ်ကြိုက်သလို ပုံသွင်းရလွယ်တဲ့အပြင် ခေါင်းလည်းပိုပေါ့တာမို့ ပူအိုက်တဲ့ရာသီတွေအတွက် အံကိုက်ပါပဲ။ မျက်နှာလေးကိုပါ ပိုနုပြီး ငယ်ရုပ်ပေါ်စေတာမို့ စိတ်သစ်ကိုယ်သစ်ဖြစ်ချင်သူတွေအတွက် ကွက်တိဖြစ်မှာပါ။ ဒီတော့ သင်ကိုယ်တိုင် အိုင်ဒီယာယူနိုင်မယ့် Kpop Idol တွေရဲ့ ခေတ်ဆန်ပြီး အရမ်းလှတဲ့ ဆံပင်တိုစတိုင်လေးတွေကို ကြည့်လိုက်ရအောင်-

လူကြိုက်များတဲ့ Wendy ရဲ့ ဆံပင်တိုအကပ်စတိုင်


အဆိုတော် Momo ရဲ့အထာကျတဲ့ ဆံပင်ကေ


အဆိုတော် Jihyo ရဲ့ Curtain Bang နဲ့ ဆံပင်ဂုတ်ဝဲလေး


Aespa အဖွဲ့ဝင် Winter လို မျက်နှာသေးသေးလေးနဲ့လိုက်တဲ့ ဂုတ်ဝဲအကပ်ကေလေး


အရုပ်လေးလိုလှတဲ့ အဆိုတော် Jeon Somi ရဲ့ Blonde ဆံပင်တိုလေး


အဆိုတော် Taeyeon ရဲ့ အညိုရောင် ဆံပင်တိုစတိုင်


ချစ်စရာကောင်းတဲ့ Sakura ရဲ့ဂုတ်ဝဲကေလေး

Photo Source: Pinterest

By MyStyle Myanmar