ဆံပင်အတိုလေးကိုမှ ပုံစံအမျိုးမျိုးလုပ်ရတာကြိုက်တဲ့ ကောင်မလေးတွေအတွက် ချစ်ဖို့ကောင်းပြီး လုပ်ရတာလွယ်တဲ့ ဆံပင်နှစ်လွှာ Hair Style လေးတွေ ဝေမျှပေးချင်ပါတယ်။ အလုပ်သွားသွား ကျောင်းသွားသွား လိုက်ဖက်တာမလို့ အတူစမ်းကြည့်ရအောင် –
ဆံပင်အလယ်ကိုယူပြီး နှစ်လွှာဖြစ်အောင်စည်းလိုက်ပါ ။ ဘေးနှစ်ဘက်ကဆံပင်ကို ကျစ်ဆံမြီးကျစ်ပြီး စောနက စည်းထားတဲ့ဆံပင်နဲ့ ပေါင်းစည်းလိုက်ပါ။ နောက်ဆုံး ကိုယ်ကြိုက်တဲ့ ကလစ်အလှလေးတွေနဲ့ အလှဆင်လိုက်ပါ။
အပေါ်ယံတစ်လွှာယူပြီး ကျစ်ဆံမြီးကျစ်လိုက်ပါ။ ကျစ်ဆံမြီးကို တပတ်ပြန်ပတ်ပြီး စည်းလိုက်ရင် ချစ်ဖို့ကောင်းတဲ့ နှစ်လွှာပုံစံလေး ဖြစ်သွားမှာပါ။
အရင်ဆုံး ဆံပင်တစ်လွှာယူပြီး ၃ ပိုင်းစည်းလိုက်ပါ။ တစ်ခုချင်းစီကို အထဲပြန်လိမ်ပြီး ထည့်လိုက်ပါ။ ပြီးမှ ၃ ခုကို ပေါင်းစည်းလိုက်ပါ။
ဘေးတစ်ဖက်ဆီက ဆံပင်ကိုယူပြီး ကျစ်ဆံမြီးကျစ်လိုက်ပါ။ အဆုံးနှစ်ခုကို အတူချည်ပြီး ကလစ်လှလှလေးတပ်လိုက်ပါ။
ပုဝါလေးနဲ့စည်းချင်ရင်တော့ အရင်ဆုံး ဆံပင်ဘေးဘက်တွေကိုချန်ပြီး အကုန်စုစည်းလိုက်ပါ။ ပုဝါလေးကို ခေါင်းပေါ်တင်ပြီး အစွန်းနှစ်ဘက်ကို ဆံပင်နဲ့ချည်လိုက်ပါ။ နောက်ဆုံးမှာ ချန်ခဲ့တဲ့ရှေ့က ဆံပင်နဲ့ အပေါ်က ပတ်ပြီးချည်လိုက်ပါ။
ဒီလို ကလစ်လှလှလေးတွေတပ်တာကလည်း ချစ်ဖို့ကောင်းတဲ့ Hair Style တစ်မျိုးပါပဲ။