ရာသီဥတုက ပူအိုက်နေတယ်ဆိုရင်တော့ ဆံပင်အတိုစတိုင်လေးတွေ လည်း သင့်တော်ရာပုံစံအလိုက် ညှပ်ဖို့ အချိန်ရောက်လာပါပြီ။

အပြင်မှာ ပူကပူနဲ့ကို ဆံပင်အထူကြီးတွေ အရှည်ကြီးတွေ ထားမယ်ဆိုရင်တော့ ချွေးတွေထွက်တာနဲ့တင် ကြည့်လို့လည်း မကောင်းနိုင်တော့ပါဘူး။

အပူအအိုက်လည်း သက်သာ၊ စတိုင်လည်းကျချင်တယ်ဆိုရင်တော့ သေသေသပ်သပ်နဲ့ ကြည့်ကောင်းစေမယ့် ဆံပင်အတိုလေးတွေ ညှပ်ပေးဖို့သင့်နေပြီနော်။

ကိုယ်နဲ့လည်းလိုက်မယ်၊ ကိုယ်ကြိုက်ရာဆံပင်စတိုင်ကိုလည်း ညှပ်ပေးမယ်ဆိုရင်တော့ တစ်ဖက်သား ကောင်လေးတွေရဲ့ အမြင်ကို ဆွဲဆောင်နိုင်ပြီပေါ့။

MyStyle Myanmar ရဲ့ စာဖတ်ချစ် ပျိုမေတို့အတွက် အပူအအိုက်သက်သာစေမယ့် ဆံပင်စတိုင်လေးတွေကို ဖော်ပြပေးချင်ပါတယ်နော်။

ဘယ်ကေလေးတွေက အလန်းဆုံးဖြစ်မလဲဆိုတာ အခုပဲကြည့်လိုက်ရအောင်ပါ။