ပူအိုက်လွန်းတဲ့ ရာသီဥတုကို အံတုနေရလို့ စိတ်ညစ်နေရတဲ့သူတို့အတွက် နွေရာသီမှာ အပူသက်သာစေပြီး ဆွဲဆောင်မှုလည်း ရှိနေစေမယ့် ဆံပင်စတိုင်လ် အမျိုးမျိုးရှိပါတယ်။

ဒီနွေရာသီမှာ မိမိုက်နေတဲ့ ဆံပင်စတိုင်လ်မျိုးကို ပိုင်ဆိုင်ချင်တာလား၊ (သို့) ပေါ့ပေါ့ပါးပါးလေးနဲ့ လူငယ်ဆန်တဲ့ ဆံပင်စတိုင်လ်မျိုး ထားချင်တာလား။ ကိုယ့်အကြိုက်ပေါ် မူတည်ပြီး ဆံပင်စတိုင်လ်အမျိုးမျိုး ပြောင်းလဲနိုင်ဖို့ရန်အတွက် ဝေမျှပေးလိုက်ရပါတယ်။

Buzz Cut ဆံပင်စတိုင်လ်

ခေါင်းဖြီးစရာလည်းမလိုဘူး။ တစ်နေကုန်အေးမြနေစေပြီး အထာကျတဲ့သူတစ်ယောက်အသွင်မျိုး ဖန်တီးချင်တယ်ဆိုရင်တော့ ဒီ Buzz Cut ဆံပင်စတိုင်လ်လေးက ကွက်တိပါပဲ။

ဘေးခွဲဆံပင်စတိုင်လ်

ဘေးနှစ်ဖက်နဲ့ နောက်နားတစ်ဝိုက်ကို တိုတိုကပ်ကပ်ကလေး ညှပ်ထားပြီး မတိုမရှည်လေးထားကာ ဘေးခွဲထားတဲ့ ဆံပင်စတိုင်လ်လေးပါပဲ။

အရှေ့ဆံမြိတ်နဲ့ အတိုဂုတ်ဝဲလိုမျိုး စတိုင်လ်ကို ကြိုက်တဲ့သူတွေအတွက်

လူငယ်ဆန်ဆန် ပေါ့ပေါ့ပါးပါးအသွင်မျိုး ဖန်တီးချင်တယ်ဆိုတဲ့ ဆယ်ကျော်သက်လူငယ်များအတွက်တော့ ဒီဆံပင်ကေက အလှဆုံးပါပဲ။

အလယ်ခွဲနဲ့ ဂုတ်ဝဲစတိုင်လ်

ဆံပင်အုံပါးတဲ့သူတို့အတွက်ကတော့ ဒီဆံပင်နဲ့ဆို အံကိုက်ပါပဲ။

မတိုမရှည်ဆံပင်ကေ

အခုဖော်ပြသွားတဲ့ ဆံပင်စတိုင်လ်လေးတွေကို အားလုံး ကြိုက်နှစ်သက်ကြလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။