သင်က ခဏတဖြုတ် ဈေးဝယ်ထွက်တဲ့အချိန်၊ အင်္ကျီဝယ်ဖို့သွားတဲ့အချိန် ဘယ်လိုစတိုင်လေးတွေ ဝတ်ရင် လှမလဲ သိချင်ရင် ဒီအကြောင်းအရာကို ဆက်ဖတ်လိုက်ပါနော်။ အခမ်းအနားတွေကလွဲရင် ပြင်လွန်းတယ်၊ တမင်စတိုင်ကျအောင် ဖန်တီးထားတယ်ဆိုတဲ့ အထင်မျိုးကို ပျိုမေအများစု မလိုချင်ကြပါဘူး။ သိုသိုသိပ်သိပ် အေးအေးဆေးဆေး နေတတ်တဲ့ ကောင်မလေးတွေဆိုရင် ပြင်လာတယ်လို့ ပိုမထင်စေချင်ပါဘူး။ ဘာလို့လဲဆိုတော့ ပြင်လွန်းတယ်ဆိုတဲ့ ခံစားချက်ကို ရနေရင် တခြားသူတွေက ကိုယ့်ကို ကြည့်နေတော့မှာပဲ ဆိုတဲ့ အတွေးမျိုး မလိုချင်ကြလို့ပါ။ ဒီတစ်ခေါက်မှာတော့ စတိုင်ကျအောင် တမင် လုပ်ထားတယ်ဆိုတဲ့ အတွေးမျိုး လူတွေ မထင်ရစေအောင် သင်ဝတ်နိုင်မယ့် စတိုင်တွေကို ဖော်ပြပါရစေ။ ဒီစတိုင်တွေက လှတဲ့အပြင် ဈေးဝယ်ထွက်တဲ့စတိုင်လည်း ဖြစ်တာမို့ ပျိုမေတို့အတွက် အသုံးဝင်မှာပါ။ ဒီတော့ ကြည့်လိုက်ရအောင်နော်-

ကော်လံပါတဲ့ လက်မောင်းတို အင်္ကျီအဖြူက ပျိုမေတိုင်း ပိုင်ဆိုင်သင့်တဲ့ အဝတ်အစား စတိုင်ပါ။ ဒါနဲ့ အတူ ဘောင်းဘီတိုလေးကို တွဲနိုင်ပါတယ်။ အောက်အဖြူရောင် Sneaker နဲ့ဆိုရင်တော့ ဘာမှသိပ်ပြင်စရာ မလိုတော့ပါဘူး။

ဘောင်းဘီတို အနက်ကို ပျိုမေတိုင်း ပိုင်ဆိုင်ထားသင့်ကာ ဒါနဲ့ တွဲနိုင်တာကတော့ အပေါ် Crop နဲ့အတူ Flannel Shirt ပေါ့ပေါ့ပါးပါး လေးပါ။

ဂါဝန်အရှည်က ဝတ်ရတာ ပေါ့ပေါ့ပါးပါးရှိကာ ဈေးဝယ်ထွက်တဲ့အချိန် ချစ်ဖို့ကောင်းနေမှာပါ။

စကပ်အဖြူလေးက မိန်းကလေးဆန်ဆန်လှချင်တဲ့ ပျိုမေတို့နဲ့ လိုက်ဖက်ကာ အပေါ် ဝမ်းဆက်အတွဲအစပ်နဲ့ တွဲဝတ်နိုင်ပါတယ်။

အပေါ်ဆုံးက စတိုင်လိုပဲ အောက်ဘက် ဘောင်းဘီအနက်နေရာ အပြောင်းအလဲအနေနဲ့ ဂျင်းဘောင်းဘီတိုကို တွဲနိုင်ပါတယ်။

သင်က အသားဖော်ပြရတာ သိပ်မကြိုက်သူဆိုရင် အောက်ဘောင်းဘီရှည်နဲ့အတူ သိပ်မပူတဲ့ အဖြူရောင် Blouse ကို ရွေးချယ်နိုင်ပါတယ်။

ဂါဝန်အတို ဝတ်ရတာ သဘောမကျရင် လက်တစ်လုံး ဂါဝန်ရှည်လေးက သင့်အတွက် အဆင်ပြေမှာပါ။

လူငယ်ဆန်ဆန် Hoodie အပွနဲ့အတူ ဘောင်းဘီတိုက ချစ်ဖို့ကောင်းကာ အပြင်ကို ပေါ့ပေါ့ပါးပါး သွားနိုင်မယ့် စတိုင်ဖြစ်ပါတယ်။

Tank Top နဲ့အတူ ဘောင်းဘီအပြာ အတွဲအစပ်က ဈေးဝယ်ထွက်ဖို့ အလှဆုံး စတိုင်ဖြစ်နေမှာပါ။

လူငယ်ဆန်ဆန် ချစ်ဖို့ကောင်းတဲ့ စတိုင်မျိုးကို လိုချင်တယ်ဆိုရင်တော့ အဖြူရောင် ရှပ်အပွနဲ့အတူ Sweater Vest အပွလေးကို တွဲနိုင်ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar