ဒီတစ်ခေါက် ဖော်ပြပေးမှာကတော့ ဘောင်းဘီတိုနဲ့ တွဲဝတ်လို့ရတဲ့ ဖိနပ်အမျိုးအစားလေးတွေပဲဖြစ်ပါတယ်။ တကယ်လို့ သင်က ဘောင်းဘီတိုဝတ်ရတာ သဘောကျတယ်ဆိုရင် ဒီဆောင်းပါးလေးကို ဆက်ဖတ်ကြည့်ဖို့ အကြံပေးချင်ပါတယ်။

Sneakers များ

လူကြီး လူငယ်ကြား ခေတ်စားနေတဲ့ဖိနပ်ကတော့ Sneakers ဖိနပ်လေးတွေပဲဖြစ်ပါတယ်။ ဖိနပ်အများကြီး မဝယ်ထားဘူးဆိုရင်တောင် Sneakers ဖိနပ်ကတော့ နံပါတ်တစ် ဦးစားပေးအဖြစ် ရွေးချယ်ဝယ်ယူသင့်တဲ့ ဖိနပ်ပါပဲ။

Loafers လို့ခေါ်တဲ့ သားရေပျော့ဖိနပ်များ

Formal ပုံစံလည်း မဝတ်ချင်ဘူး အရမ်းကြီးလည်း Causal ဘက် မသွားချင်ဘူးဆိုရင်တော့ ဒီသားရေပျော့ဖိနပ်လေးတွေက ကွက်တိပါပဲ။ ခြေစွပ်မဝတ်ချင်သူများအနေနဲ့ကတော့ ဒီဖိနပ်လေးကို ဦးစားပေးရွေးချယ်သင့်ပါတယ်။

ညှပ်ဖိနပ်နှင့် ကွင်းထိုးဖိနပ်၊ ကြိုးသိုင်းဖိနပ်များ

ဒီဖိနပ်ကတော့ လူအများစု အစီးများတဲ့ ဖိနပ်ပဲဖြစ်ပါတယ်။ ပေါ့ပေါ့ပါးပါးလေးနဲ့ ခြေစွပ်မလို ရှူးဖိနပ်တွေလို ဖုန်သုတ်တိုက်ချွတ်စရာမလိုတဲ့အတွက်ကြောင့် လူအများစုက နှစ်နှစ်ခြိုက်ခြိုက်ဝတ်ဆင်ကြတာပဲဖြစ်ပါတယ်။

ဘွတ်ဖိနပ်

ဒီဖိနပ်ကတော့ ခြေမျက်စိဖုံးတဲ့ ဘွတ်ဖိနပ်တစ်မျိုးပဲဖြစ်ပါတယ်။ ခြေမျက်စိဖုံးတဲ့ ဘွတ်ဖိနပ်ဆိုတော့ ဘောင်းဘီအရှည်ထက်စာရင် ဘောင်းဘီအတိုနဲ့ ပိုမိုလိုက်ဖက်ပါတယ်။

Source: thetrendspotter.net