သင့်ခြေထောက် အသားအရေက နီတာ၊ညိုတာ ဘက်သွားရင်တော့ ဒီအကြောင်းအရာက သင့်အတွက်ပါပဲ။ တချို့ မိန်းကလေးတွေကခြေထောက်နေရာကို Scrub ဘယ်လောက်တိုက်တိုက် ထူးခြားပြီး ဖြူမလာတာတွေ ရှိပါတယ်။ သင်က ခြေခုံညိုတာကြောင့် ဝတ်လိုက်တဲ့ဖိနပ်နဲ့ မလိုက်တာ၊ လမ်းလျှောက်တဲ့အခါ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုမရှိတာ၊ တခြားသူက ကိုယ့်ခြေထောက်ကို Judge လုပ်နေမလား စိုးရိမ်နေတယ်ဆိုရင်တော့ ခြေခုံသိပ်မမမြင်ရတဲ့ ဖိနပ်ပုံစံတွေကို ရွေးချယ်နိုင်ပါတယ်။

ဒီတစ်ခေါက်မှာတော့ ခြေခုံညိုတဲ့ မိန်းကလေးတွေနဲ့ ခြေထောက် အသားအရေကို သိပ်မဖော်ပြချင်တဲ့ မိန်းကလေးတွေ စတိုင်ကျကျ ဝတ်နိုင်မယ့် ဖိနပ်ပုံစံတွေကို ဖော်ပြပါရစေ။

ဖိနပ်အမည်း Shoe အပါး

ဖိနပ်အမည်းအပိတ်လေးက အပေါ်အင်္ကျီ အားလုံးလိုလိုနဲ့ လိုက်ဖက်ပါတယ်။

ကွင်းစွတ်ဖိနပ်

ကွင်းစွတ်ကိုမှ ကွင်းကျယ်တဲ့ ဖိနပ်ပုံစံက ခြေခုံကို ဖုံးထားရာ ရောက်ပြီး စတိုင်ကျတဲ့ ဖိနပ်ပါ။ ကိုယ်ရွေးချယ်တဲ့ အိတ်၊ အင်္ကျီ အလိုက် ဖိနပ်အရောင်ကိုပါ ရွေးချယ်နိုင်ပါတယ်။

Pointed shoes

ဖိနပ်အချွန်ကိုမှ ကြိုးသိုင်းပါတာမျိုးက ခြေချောင်းလေးတွေရော၊ ခြေခုံကိုပါ ဖုံးထားနိုင်ပါတယ်။

Sneaker

Sneaker ကိုမှ ကြိုးသိုင်းစရာ မလိုတဲ့ ဖဲပြားနဲ့ အလှ Sneaker တွေက အလုပ်ရှုပ်သက်သာစေပါတယ်။

နှစ်ထပ် ကြိုးသိုင်းဖိနပ်

Boyish Style ကိုနှစ်သက်သူတွေ၊ ပေါ့ပေါ့ပါးပါးနဲ့ ခြေခုံကို မမြင်စေချင်ရင်တော့ ဒီပုံစံက အဆင်ပြေပါတယ်။

ဒီဖိနပ်ပုံစံက အခုနောက်ပိုင်း လူငယ်မိန်းကလေးတွေကြား အဝတ်များတဲ့ စတိုင်ပါ။ တည်တည်ငြိမ်ငြိမ် စကပ်ရှည်လေးတွေ ဝတ်တတ်တဲ့ ကောင်မလေးတွေနဲ့ လိုက်ဖက်ပါတယ်။

ခြေညှပ်ဖိနပ်

ခြေညှပ်ကိုမှ ကြိုးကျယ်တဲ့ ဖိနပ်မျိုးက ခြေခုံညိုတဲ့ ကောင်မလေးတွေနဲ့ အဆင်ပြေပါတယ်။

Loafer, Boots

ဒီဖိနပ်စတိုင်က ရုံးသွားရတဲ့ ကောင်မလေးတွေ၊ စမတ်ကျကျ ဝတ်ရတာ နှစ်သက်တဲ့ ကောင်မလေးတွေ ပိုင်ဆိုင်ထားသင့်တဲ့ ပုံစံပါ။

Crocs

ဒီ Crocs စတိုင်ကိုတော့ လူငယ်တွေ အဝတ်များလာကြပြီး ခြေခုံညိုတဲ့ မိန်းကလေးတွေ Try ကြည့်သင့်တဲ့ ဖိနပ်ထဲ ပါဝင်ပါတယ်။

ဘောင်းဘီရှည်

သင်က ခြေထောက်နေရာကို တင်းကျပ်ပြီး ဝတ်ရတာမျိုး မကြိုက်ရင် ပေါ့ပေါ့ပါးပါးဖိနပ်တစ်ရံနဲ့ အတူ ခြေခုံကို ဖုံးပေးတဲ့ ဘောင်းဘီရှည်နဲ့ တွဲဖက်ဝတ်ဆင်နိုင်ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar