ဖိနပ်က သင့်ဖက်ရှင်ကို ပံ့ပိုးတယ်ဆိုတာကိုတော့ သင်က ဖက်ရှင်အကြောင်းအရာတွေကို ဖတ်ဖူးရင် သိမှာပါ။ ဒီလိုပဲ သင်ဓာတ်ပုံရိုက်ရင်လည်း ဖိနပ်က အရေးကြီးကြောင်း သိပြီးသား ဖြစ်မှာပါ။ ဖိနပ် ရွေးချယ်တဲ့အခါ ကိုယ့်ဝတ်ဆင်ပုံနဲ့ လိုက်ဖက်တဲ့ ဖိနပ်ဖြစ်ဖို့ အရေးပါ ပါတယ်။ ဒါပေမဲ့ ရှိသမျှ အင်္ကျီတစ်ထည်စီအတွက် ဖိနပ် တစ်ရံဆိုတာကတော့ နာမည်ကြီး၊ ချမ်းသာတဲ့သူတွေ ဖြစ်မှ အဆင်ပြေမှာပါ။ ဒါမျိုးကိုလည်း မလိုအပ်ပါဘူး။ ဖိနပ်တစ်ရံတည်း ရှိရုံနဲ့ အလုပ်ဖြစ်တာတွေ ရှိပါတယ်။

ဒီတစ်ခေါက်မှာတော့ အဝတ်အစားတိုင်းနဲ့ အဆင်ပြေမယ့် ဖိနပ် ပုံစံတွေကို ဖော်ပြပါရစေ။ သင်က ဖော်ပြပါ ဖိနပ်တွေထဲက တစ်ရံ၊ နှစ်ရံ ရှိရုံနဲ့ အဆင်ပြေပါတယ်။

အသားရောင်၊ အနက်ရောင် ဒေါက်ဖိနပ်

ရှေ့ဘက် ချွန်ပြီး ဖိနပ်အပိတ် ဒေါက်တွေက အခြေအနေ မျိုးစုံနဲ့ လိုက်ဖက်ပါတယ်။ ဒီထဲမှာမှ အနက်နဲ့ အသားရောင်က အင်္ကျီအရောင်တိုင်းနဲ့ လိုက်ဖက်ပါတယ်။

Loafer

Loafer တွေက အခုနောက်ပိုင်း မိန်းကလေး အများစု အဝတ်များလာတဲ့ ဖိနပ်ပုံစံပါ။ ဒီဖိနပ်က ထဘီက လွဲရင် အင်္ကျီတိုင်းနဲ့ လိုက်ဖက်တယ်လို့ ပြောလို့ရပါတယ်။

ကျားသစ်ကွက် ဖိနပ်

ဒီဖိနပ်မျိုးက ဆွဲဆောင်မှု ရှိတဲ့ အဝတ်အစားတွေ ဝတ်လေ့ရှိတဲ့ ကောင်မလေးတွေနဲ့ လိုက်ဖက်ပါတယ်။

ဘွတ်ဖိနပ်

ဘွတ်ဖိနပ်တွေက အဝတ်အစားတွေကို စမတ်ကျစေပါတယ်။ ဆောင်းရာသီနဲ့ အဓိက လိုက်ဖက်ပြီး Photoshoot လုပ်လေ့ရှိတဲ့ ကောင်မလေးတွေနဲ့ သင့်တော်ပါတယ်။ အထူးသဖြင့် အသားရောင်ဘွတ်နဲ့ အနက်ရောင် ဘွတ်ကို ပိုင်ဆိုင်ထားသင့်ပါတယ်။

Sneaker အဖြူ

Sneaker အဖြူကိုတော့ လူငယ်ဆန်ဆန် အင်္ကျီမျိုး ဝတ်လေ့ရှိတဲ့ လူငယ်တွေ ပိုင်ဆိုင်ထားသင့်ပါတယ်။ အစွန်းအထင်း မခံတာကြောင့် အမည်းရောင် စပ်တဲ့ Sneaker တွေက ပိုအဆင်ပြေလေ့ရှိပါတယ်။

Photo Source: Pinterest

By MyStyle Myanmar