တစ်ကိုယ်လုံးစာ လှနေဖို့က အဝတ်အစားကို ဂရုစိုက်ရမယ့်အပြင် တခြား Accessories တွေကိုပါ ဂရုစိုက်သင့်ပါတယ်။ ဖိနပ်၊ ဆံပင်ပုံစံ၊ လွယ်တဲ့အိတ်၊ လက်ကောက်၊ ဆွဲကြိုးစတဲ့ အရာတွေကို အသေးစိတ် ဂရုစိုက်ပေးမှ ဖက်ရှင်ကျကျ လှနေမှာဖြစ်ပါတယ်။ စကပ်တွေက သင့်ကို ပေါ့ပါးစေပြီး ပိုချစ်စရာကောင်းစေတဲ့ အဝတ်အစားတွေပဲ ဖြစ်ပါတယ်။ စကပ်အဝတ်များတဲ့ ပျိုမေတို့အနေနဲ့ လိုက်ဖက်တဲ့ ဖိနပ်ပုံစံလေးတွေ ပိုင်ဆိုင်ထားသင့်ပါတယ်။ အောက်ဖော်ပြပါ ဖိနပ်တွေအကုန်လုံး သင့်ဆီမှာ ရှိထားစရာမလိုပါဘူး။ သင်အကြိုက်ဆုံး ပုံစံလေးကို ရွေးချယ်နိုင်ပါတယ်။ ဒီတော့ ကြည့်လိုက်ရအောင်နော်-

၁။ ဖိနပ် အဖြူ

Sneaker အဖြူတွေကတော့ စကပ်နဲ့ လိုက်ဖက်တဲ့ ဖိနပ်ဖြစ်ပါတယ်။ ဒါပေမဲ့ ဖိနပ်အဖြူက ထိန်းသိမ်းရ လက်ဝင်ပြီး သင့်အတွက် သက်တောင့်သက်သာ မဖြစ်ရင်တော့ အောက်ဖော်ပြပါ ဖိနပ်တွေကို ဆက်ရွေးချယ်နိုင်ပါတယ်။

၂။ Cross ပုံစံဖိနပ်တွေ

ကွင်းစွတ်ကိုမှ ကြက်ခြေခတ်ပုံစံ ဖိနပ်တွေက သင့်ကို ပေါ့ပေါ့ပါးပါးနဲ့ လှစေပါတယ်။ စကပ်နဲ့ တွဲဝတ်လိုက်တဲ့အခါ ကြည့်ရတာ Heavy မဖြစ်ဘဲ ချစ်စရာကောင်းစေပါတယ်။

၃။ ကြိုးတစ်ချောင်း Block Heel

ရှေ့ကြိုးတစ်ချောင်းပဲ ပါတဲ့ ဒေါက်မြင့် Block Heel တွေက သင့်ကို မိန်းကလေးဆန်ဆန် လှနေစေပါတယ်။

၄။ ကွင်းစွတ်ဖိနပ်

ကွင်းစွတ်ဖိနပ်တွေက ဝတ်ဆင်ရသက်တောင့်သက်သာ ရှိပြီး စကပ်နဲ့ လိုက်ဖက်တဲ့ ဖိနပ်အမျိုးအစား ဖြစ်ပါတယ်။ ရှိသင့်တဲ့အရောင်တွေကတော့ အနက်၊ အဖြူနဲ့ အသားရောင်တို့ပဲ ဖြစ်ပါတယ်။

၅။ ကြိုးသိုင်းဖိနပ်အဖြူ

ခြေညှပ် ကြိုးသိုင်းနဲ့ကိုမှ ဖိနပ်အဖြူက စကပ်နဲ့ ကြည့်ရတာ အရမ်းလှပါတယ်။

၆။ အပိတ်ဖိနပ်

အပိတ်ဖိနပ်တွေက စကပ်နဲ့ တွဲဝတ်လိုက်တဲ့အခါ ကျက်သရေရှိတဲ့ မိန်းကလေးအသွင် ပြောင်းလဲစေပါတယ်။

၇။ ဒေါက်ချွန်

လူငယ်ဆန်ဆန် ကြည့်ကောင်းချင်ရင် စကပ်နဲ့ အတူ Sneaker ဖိနပ်တွဲဝတ်သင့်ပြီး လူကြီးဆန်ဆန် တည်တည်ငြိမ်ငြိမ် လှချင်ရင်တော့ စကပ်နဲ့အတူ ဒေါက်ချွန်ဖိနပ်ကို တွဲဝတ်နိုင်ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar