တချို့တွေ မိတ်ကပ်လိမ်းထားတဲ့အခါ သူ့ရဲ့ ပင်ကိုယ်ရုပ်ရည်ပျောက်ပြီး တမျိုးလေးဖြစ်သွားတာမြင်ဖူးကြမှာပါ။ တချို့ကလည်း ပိုပြီးလှသွားတတ်ကြသလို တချို့ကပိုပြီးရုပ်ဆိုးသွားတတ်ပါတယ်။ မိတ်ကပ်လိမ်းတယ်ဆိုတာ လှဖို့၊ မိမိကိုယ်ကိုယုံကြည်မှုရှိဖို့ဖြစ်ပါတယ်။ ဒါ့ကြောင့် မိတ်ကပ်လိမ်းတဲ့အခါမှာ သင်သတိမထားမိတဲ့ ဒီအမှားတွေကို ရှောင်နိုင်အောင် MyStyle Myanmar က မျှဝေပေးသွားပါမယ်နော်။

Primer မသုံးခြင်း

Primer ဆိုတာ မိတ်ကပ်မလိမ်းခင် ဖောင်ဒေးရှင်းမလိမ်းခင် မှာလိမ်းရတာပါ။ နို့ရည်လိမ်းပြီးတဲ့နောက်မှာလိမ်းရတဲ့ အရာဖြစ်ပါတယ်။ Primer က မိတ်ကပ်လိမ်းလို့ကြာလာရင် မိတ်ကပ်ကို ပိုပြီးတာရှည်ခံအောင်၊ ပိုပြီးမိတ်ကပ်သားတက်လာအောင်လုပ်ဆောင်ပေးပါတယ်။ ဒါ့အပြင် အသားအရေကိုလည်း စိုပြေစေပါတယ်။ ဒါ့ကြောင့် ကိုယ့်အသားအရေနဲ့ သင့်တော်တဲ့ Primer သုံးဖို့ မမေ့ပါနဲ့။

Setting Spray မသုံးခြင်း

Setting Spray ကတော့ မိတ်ကပ်လိမ်းပြီးတဲ့နောက်သုံးပေးတာပါ။ မိတ်ကပ်ကိုပိုပြီး တာရှည်ခံအောင်ဖြစ်ပါတယ်။ ဒါ့အပြင် သင့်မျက်နှာပေါ်က မိတ်ကပ်ကိုလည်း ပိုပြီးသိပ်စေပြီး မိတ်ကပ်ကိုလည်း အချိန်အကြာကြီးခံစေပါတယ်။

Powder မသုံးခြင်း

အသားအရေဘယ်အမျိုးအစားမဆို Powder သုံးပေးနိုင်ပါတယ်။ Brush နဲ့ ပေါင်ဒါကိုလိမ်းပေးလိုက်မယ်ဆိုရင် မိတ်ကပ်သားက သဘာဝအတိုင်း သင့်ကို လှပနေစေမှာဖြစ်ပါတယ်။

Foundation မှန်ကန်စွာမရွေးချယ်ခြင်း

သင့်အသားအရေနဲ့ သင့်တော် လိုက်ဖက်တဲ့ Foundation အရောင်ကို ရွေးချယ်သုံးဆွဲသင့်ပါတယ်။ မဟုတ်ရင်တော့ မိတ်ကပ်က ပြာပြာကြီးဖြစ်နေမှာပါ။

မိတ်ကပ်အများကြီးလိမ်းခြင်း

မိတ်ကပ်အများကြီးလိမ်းတာဟာ သင့်ကိုပိုပြီး ရုပ်ရင့်သွားစေပါတယ်။ မိတ်ကပ်ကို ခပ်ပါးပါးပဲ လိမ်းပေးသင့်ပါတယ်။

အသားအရေထိန်းသိမ်းမှုမရှိခြင်း

သင့်အသားအရေက ခြောက်သွေ့နေမယ်ဆိုရင် ဘယ်လိုမှ မိတ်ကပ်လိမ်းလို့အဆင်ပြေမှာမဟုတ်သလို ဘာလိမ်းလိမ်း ကြည့်လို့လှမှာမဟုတ်ပါဘူးနော်။ အသားအရေလေးသာ စိုပြေနေမယ်ဆိုရင်တော့ မိတ်ကပ်မပါရင်တောင် လှနေစေမှာပါ။ အဓိကကတော့ အသားအရေကောင်းဖို့လိုပါတယ်။ အသားအရေကို ပုံမှန်ထိန်းသိမ်းမှုလုပ်ပေးပါ။