ပူပြင်းတဲ့ရာသီဥတုမျိုးမှာ ဝတ်ရတာပေါ့ပါးမှုရှိပြီး ချစ်ဖို့လည်းကောင်းစေမယ့် စကပ်အတိုဖက်ရှင်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။ လူငယ်ကောင်မလေးတွေနဲ့ စကပ်ဝတ်ရတာကြိုက်တဲ့ ကောင်မလေးတွေဆိုရင်တော့ ဒီဖက်ရှင်လေးတွေကို သဘောကျနှစ်သက်မှာ သေချာပါတယ်။

စကပ်တိုလေးလည်းဝတ်ချင်တယ်၊ နေပူထဲသွားလို့ အသားမဲမှာလည်း ကြောက်တယ်ဆိုရင်တော့ စကပ်အတိုလေးကို အသားအေးတဲ့ အင်္ကျီလက်ရှည်လေးတွေနဲ့ တွဲဝတ်ကြည့်ပါ။

ပေါင်လည်လောက်အထိတိုတဲ့စကပ်မျိုး မဝတ်ချင်တဲ့သူတွေဆိုရင် ဒူးပေါ်စကပ်လေးတွေဝတ်ပြီး အင်္ကျီကိုတော့ တီရှပ်လေးတွေနဲ့တွဲဝတ်ပါ။ ဝတ်ရတာအရမ်းပေါ့ပါးပြီး ချစ်ဖို့လည်းကောင်းပါတယ်။

စကပ်အတိုဝတ်တဲ့ကောင်မလေးတွေဆိုရင်တော့ စကပ်အတိုဗြောင်လေးတွေကို အပေါ်ကနေ တီရှပ်လေးတွေနဲ့သာတွဲဝတ်ပါ။ ရိုးရိုးလေးနဲ့ ချစ်ဖို့ကောင်းပြီး ဝတ်ရတာလည်း ပေါ့ပါးမှုရှိစေပါတယ်။

ဂျင်းစကပ်အတိုလေးတွေကို တီရှပ်အဖြူလေးတွေနဲ့ တွဲဝတ်တာကလည်း ရိုးရိုးလေးနဲ့ ချစ်ဖို့ကောင်းပါတယ်။ ပူပျင်းတဲ့ရာသီဥတုအတွက်လည်း အဆင်ပြေတဲ့ဖက်ရှင်လေးပါ။

ပေါ့ပေါ့ပါးပါးနဲ့ ဝတ်လို့ကောင်းတဲ့ စကပ်လေးတွေကို အပေါ်ကနေ ရှပ်အင်္ကျီအပါးလေးတွေနဲ့ တွဲဝတ်လို့လည်း ရပါတယ်။ ဝတ်ရတာသက်တောင့်သက်သာဖြစ်ပြီး အပူဒဏ်လည်း သက်သာစေပါတယ်။

Mini စကပ်ဗြောင်လေးတွေကိုလည်း မိန်းကလေးဆန်ပြီး ချစ်ဖို့ကောင်းတဲ့အင်္ကျီလေးတွေနဲ့ တွဲဝတ်လို့ရပါတယ်။ အင်္ကျီက ပူတဲ့အသားမဖြစ်ဖို့ပဲ အရေးကြီးပါတယ်။

ဂျင်းစကပ်အတိုလေးတွေကို ကြိုးတစ်လုံးလေးတွေနဲ့ တွဲဝတ်တာလည်း ဖက်ရှင်ကျပြီး ချစ်ဖို့ကောင်းပါတယ်။ ဒါ့အပြင် ပူပြင်းတဲ့ရာသီဥတုနဲ့လည်း လိုက်ဖက်ပါတယ်။

Photo Source: www.pinterest.com