ရှပ်အင်္ကျီဝတ်ရတာကြိုက်တဲ့ မိန်းကလေးတွေအတွက် ရှပ်အင်္ကျီကို ဘယ်လို Outfit တွေနဲ့ အမျိုးမျိုး တွဲဖက်ဝတ်ဆင်ရင် ပိုလှသွားမလဲဆိုတဲ့ Outfit Idea လေးတွေကို မျှဝေပေးလိုက်ပါတယ်။

ရှပ်အင်္ကျီကို ဘောင်းဘီအရှည်အဖြူလေးနဲ့ ဒီလိုတွဲဝတ်ပြီး ဒေါက်ဖိနပ်လေးသာ စီးလိုက်မယ်ဆိုရင်တော့ ရှင်းရှင်းလေးနဲ့ တည်ငြိမ်ပြီး လှနေမှာပါ။ လူငယ်ကနေ လူကြီးအထိ လိုက်ဖက်တဲ့ Outfit Idea လေးလည်း ဖြစ်ပါတယ်။

ပေါ့ပေါ့ပါးပါးလေး ဝတ်ချင်တဲ့အခါမှာဆိုရင် ရှပ်အင်္ကျီကို ဒီလိုလေးတွဲဖက်ဝတ်ဆင်နိုင်ပါတယ်။

ရှပ်အင်္ကျီကို Style Pant လေးတွေထဲထည့်ဝတ်တဲ့ ဒီ Outfit Idea လေးဆိုရင် Smart ကျပြီး အရမ်းလှပါတယ်။ ရုံးတက်နေတဲ့သူတွေအတွက် အလိုက်ဖက်ဆုံး Outfit Idea လေးပါပဲ။

ရှပ်အင်္ကျီကို Mini Skirt လေးတွေနဲ့တွဲဝတ်ဖက်ဝတ်ဆင်လိုက်မယ်ဆိုရင်လည်း လှနေတာပဲနော်။

ပေါ့ပါးလွတ်လပ်တဲ့ပုံလေးနဲ့ ကိုရီးယားဆန်ပြီး ချစ်ဖို့ကောင်းနေစေမယ့် Outfit Idea လေးပဲဖြစ်ပါတယ်။ ရှပ်အင်္ကျီဝတ်ရတာ ကြိုက်တယ်ဆိုရင် ဒီလိုလေးလည်းဝတ်ကြည့်နော်။

ရှပ်အင်္ကျီနဲ့ Style ကျကျ Smart ကျကျ လှပနေစေမယ့် Outfit Idea လေးပါ။

ရှပ်အင်္ကျီအဖြူလေးတွေဆိုရင် ဒီလို Style Pant နဲ့တွဲဝတ်ပြီး ခါးပတ်အမဲလေးသာ ပတ်လိုက်ပါ။ Simple ဖြစ်ပြီး အရမ်းလှသလို Smart ကျစေပါတယ်။ ဒါလည်း Office Wear အတွက် Perfect ဖြစ်တဲ့ Outfit လေးပါပဲ။

ရှပ်အင်္ကျီကို Jean ဘောင်းဘီအရှည်လေးတွေနဲ့ တွဲဝတ်ပြီး လည်ပင်းမှာပုဝါစည်းတာမျိုးကလည်း Fashion ကျလှပနေစေတဲ့ Outfit Idea လေးပါ။

Freestyle ပုံစံလေးနဲ့မိုက်ချင်တာဆိုရင်တော့ ဒီ Outfit Idea လေးကိုသာ ရွေးချယ်လိုက်နော်။

ရှပ်အင်္ကျီအရောင်တောက်တောက်လေးတွေကို Jean ဘောင်းဘီနဲ့ ဒီလိုတွဲဝတ်တာမျိုးကလည်း Fashion ကျလှပနေစေပါတယ်။

ဘောင်းဘီအတိုလေးတွေဝတ်တဲ့အခါ ရှပ်အင်္ကျီနဲ့ ဒီလိုလေးတွဲဝတ်တာလည်း လူငယ်ဆန်ပြီး လှပါတယ်။

Simple ဖြစ်ပြီး ဘယ်တော့မှရိုးမသွားစေတာကတော့ ရှပ်အင်္ကျီကို ဒီလို Skinny Jean လေးတွေနဲ့ တွဲဝတ်တာပါပဲ။

Skirt လေးတွေကို လက်ပြတ်လေးတွေနဲ့တွဲဝတ်တဲ့အခါ ရှပ်အင်္ကျီကို အပေါ်ကနေ ထပ်ဝတ်တာမျိုးလည်း ရပါသေးတယ်။

Jean Skirt ထဲကို ရှပ်အင်္ကျီထည့်ဝတ်တဲ့ ဒီလို Outfit Idea လေးကတော့ ဘယ်တော့မှရိုးမသွားပဲ Fashion ကျ လှပစေပါတယ်။