ကိုယ်အလေးချိန်လျှော့ချရအောင်နော်။ လေ့ကျင့်ခန်းလည်းလုပ် သဘာ၀ ဖျော်ရည်လေးလည်းသောက်ရင်းပေါ့။ မနက်ခင်စောစော မနက်စာမစားခင်မှာ ဒီဖျော်ရည်လေးကို သောက်ဖို့ အကြံပြုချင်ပါတယ်။

ပြုလုပ်နည်း

ပျားရည်

ရေ

ပြုလုပ်နည်း

ရေကိုအိုးတစ်လုံးထဲထည့်ပြီး မိနစ်အနည်းငယ်လောက် ဆူအောင်သည်ပေးပါ။

ပြီးရင် မီးဖိုပေါ်ကချပြီးအအေးခံပါ။

အေးသွားရင် ခွက်ထဲမထည့်ခင်မှာ ရေကိုတစ်ချက်မွှေပေးပါ။ ပြီးရင်ခွက်ထဲထည့်ပါ။

အဲဒီနောက် ပျားရည်လက်ဖက်ရည်ဇွန်း ၁ ဇွန်း (သို့) ၂ ဇွန်းထည့်ပေးပါ။

သေချာရောသွားအောင်မွှေပေးပါ။

ထည့်ချင်ရင်တော့ သံပုရာသီး (သို့) သံပုယိုသီးအနည်းငယ် ညှစ်ထည့်ပေးပါ။

ပြီးရင်သောက်သုံးလိုက်ရုံပါပဲ။

အရသာကိုကြိုက်တယ်ဆိုရင်တော့ အစာမစားခင်တိုင်း ဒီဖျော်ရည်ကို သောက်သုံးပေးတာ။ ဒါဟာ အစားအလွန်အကျွံစားချင်စိတ်ကို လျှော့ချပေးပါတယ်။ ဒါ့ကြောင့် ကိုအလေးချိန်လျှော့ချရာမှာ အရမ်းကို အသုံးဝင်ပါတယ်။

နောက်တစ်နည်းကတော့

ပျားရည်ရယ် ရေနွေးရယ် သစ်ကြံပိုးခေါက် စတဲ့ ပါဝင်ပစ္စည်း ၃ မျိုးကို ရောပြိးလည်းသောက်နိုင်ပါတယ်။

Source: supertastyrecipes.com