လူတွေမှာ လက်ချောင်းပုံစံအမျိုးမျိုးရှိကြပါတယ်။ လူတစ်ယောက်နဲ့တစ်ယောက် လက်ချောင်းပုံစံချင်း မတူကြပါဘူး။ တဖြောင့်တည်း ထိတ်ချွန်တာနဲ့ လက်ဆစ်ရိုးကြီးတာ စတဲ့ လက်ပိုင်ရှင်တွေရဲ့ လက္ခဏာရပ်တွေကို မျှဝေပေးသွားမှာပါ။

ပုံ A

လက်ချောင်းက A မှာပြထားသလိုမျိုး တပြေးတည်းဖြစ်နေတယ်ဆိုရင်တော့ သင်ဟာ အလွန်လျှို့ဝှက်တဲ့သူပါ။ သင့်ရဲ့ခံစားချက်တွေကို အလွယ်တကူမျှဝေတတ်တဲ့သူမဟုတ်ပါဘူး။

သင်စိတ်ဓါတ်ဘယ်လောက်ကျပြီး စိတ်ခံစားမှုဘယ်လိုပဲမကောင်းဖြစ်နေပါစေ သင့်ကိုယ်သင်သန်မာတဲ့သူတစ်ယောက်အဖြစ်သာ လူတွေကို ဖော်ပြကြပါတယ်။ သင့်ကိုယ်သင်တည်ဆောက်တဲ့သူမျိုးပါ။

မရိုးသားမှု လိမ်လည်မှုတွေကိုလည်း မုန်းတဲ့သူတစ်ယောက်ဖြစ်ပါတယ်။ သင်ယုံကြည်တဲ့သူအပေါ်မှာတော့ အရမ်းကိုပွင့်ပွင့်လင်းလင်းရှိတဲ့သူလည်းဖြစ်ပါတယ်။

သင်ဟာ သည်းခံတတ်ပြီး တခြားသူကို ကူညီတတ်ပါတယ်။ ပေးအပ်တဲ့တာဝန်တစ်ခုကို သင်မကြိုက်ရင်တောင် ကျေပွန်အောင်လုပ်ဆောင်သူတစ်ယောက်ဖြစ်ပါတယ်။

သင့်မိသားစုတွေ မိတ်ဆွေသူငယ်ချင်းတွေနဲ့ပတ်သတ်ရင်တော့ စိတ်ထိခိုက်လွယ်ပါတယ်။

ပုံ B

သင့်ရဲ့လက်ပုံစံက ထိတ်ပိုင်းမှာ ချွန်သွားတယ်ဆိုရင်တော့ သင်ဟာ အသစ်အဆန်းတစ်ခုခုကိုလုပ်ဖို့ ဝန်လေးတတ်သူတစ်ဦးဖြစ်ပါ။ သစ္စာရှိတဲ့ မိတ်ဆွေကောင်းတစ်ဦးဖြစ်ပါတယ်။

သင်တစ်ယောက်ယောက်ကိုချစ်မိသွားရင် သူ့ကိုအမြဲပျော်ရွှင်ဖို့အတွက် တွေးပေးတတ်ပြီး သင့်ရဲ့ စိတ်တွေ အာရုံတွေအားလုံးကို သူ့အပေါ်မှာပဲ ပုံထားလေ့ရှိပါတယ်။ သင်ဟာ ဆတ်ဆတ်ထိမခံသူတစ်ယောက်ဖြစ်ပါတယ်။ အလုပ်တစ်ခုကို လုပ်လိုက်ပြီဆိုရင်လည်း အဆုံးထိလုပ်တတ်တဲ့သူဖြစ်ပါတယ်။

နာကျင်ရမှာကြောက်ပြီး သင်တစ်ခုခုခံစားနေရရင်တောင် သင်ဘာမှမဖြစ်ဘူး အဆင်ပြေတယ်ဆိုတဲ့ စိတ်မျိုးကို သွင်းထားတဲ့သူပါ။ သင့်ကိုယ် ပျော်ရွှင်စေတဲ့သူမျိုးကို နွေးထွေးတဲ့သူမျိုးကို သင်အမြဲတမ်းလိုအပ်နေတတ်ပါတယ်။

တစ်ခုခုကို မကျေမနပ်ဖြစ်တယ်ဆိုရင်တောင် တခြားသူမသိနိုင်လောက်အောင် တည်ငြိမ်လွန်းသူလည်းဖြစ်ပြန်ပါတယ်။

ပုံစံ C

ဒီလက်ပိုင်ရှင်မျိုးဟာ နတ်သမီးလေးတစ်ပါးလိုပါပဲ။ စိတ်ခံစားမှုအရမ်းလွယ်သလို ခွင့်လွှတ်ဖို့ တစ်ခုခုကို မေ့ပျောက်ဖို့လည်း လွယ်ပါတယ်။

သဘောထားကြီးလွန်းတဲ့သူတစ်ယောက်ဖြစ်ပါတယ်။ သင့်အပေါ် သိပ်မခင်ချင် မဖော်ရွေချင်တဲ့သူတွေကိုလည်း သင်က ကြင်နာတတ်ပါတယ်။

လူမှုရေးလုပ်ငန်းတွေလည်း အများအပြားလုပ်ဆောင်သူတစ်ဦးဖြစ်ပါတယ်။ မတရားတာ သစ္စာဖောက်တာတွေကိုလည်း သည်းမခံတတ်သူဖြစ်ပြီး ပြင်းပြင်းထန်ထန် ဆန့်ကျင်သူလည်းဖြစ်ပါတယ်။ သင်ဟာ ပျော်ရွှင်တဲ့သူတစ်ယောက်ဖြစ်ပြီး သင့်နားမှာရှိတဲ့ မိတ်ဆွေသူငယ်ချင်းတွေကလည်း ပျော်ရွှင်ရပါတယ်။