လက်မောင်းပျော့တွဲကျနေတဲ့သူတွေအတွက် တစ်နေ့ကိုအချိန် ၁၀ မိနစ်လောက်ပေးပြီး သေချာလုပ်ပေးရုံနဲ့ လက်မောင်းကျစ်လစ်ပြီး သေးသွားစေမယ့် လေ့ကျင့်ခန်း ၅ မျိုးကို မျှဝေပေးလိုက်ပါတယ်။

ပုံမှာပြထားတဲ့အတိုင်း လက်ကို ဘယ်ညာတစ်လှည့်စီ လုပ်ပေးရမှာ ဖြစ်ပါတယ်။ တစ်ဖက်ကို စက္ကန့် ၃၀ စီ အဲ့အနေအထားအတိုင်း နေပေးပါ။ အချိန်ပြည့်မှ နောက်တစ်ဖက်ပြောင်းပါ။ အနည်းဆုံး တစ်ဖက်ကို ၁၅ ကြိမ်စီ လုပ်ပေးပါ။

လက်ကို ပုံမှာပြထားတဲ့အတိုင်း လုပ်ပေးပြီး စက္ကန့် ၃၀ နေပါ။ အချိန်ပြည့်ရင် ပုံမှာပြထားသလို ဘယ်ညာပြောင်းလုပ်ပါ။ ဒီလေ့ကျင့်ခန်းကိုလည်း အနည်းဆုံး တစ်ဖက်ကို ၁၅ ကြိမ်စီ လုပ်ပေးရုံပါပဲ။ အရမ်းလွယ်ကူရိုးရှင်းပါတယ်။

ဒီလေ့ကျင့်ခန်းလည်း အရမ်းလွယ်ပါတယ်။ လက်နှစ်ဖက်ကို ပထမပုံထဲကလို မျက်နှာရှေ့မှာစုလိုက်၊ ဒုတိယပုံထဲကလို ပြန်ကားလိုက်နဲ့ လုပ်ပေးရမှာဖြစ်ပါတယ်။ လုပ်တဲ့အချိန်မှာ လက်မောင်းကိုညှစ်ပြီး အားထည့်လုပ်ပေးပါ။ အနည်းဆုံး အကြိမ် ၂၀ လုပ်ပေးရပါမယ်။

ဒီလေ့ကျင့်ခန်းကလည်း ပုံမှာပြထားတဲ့အတိုင်း ဘယ်ညာတစ်လှည့်စီ ပြောင်းလုပ်ရမှာဖြစ်ပါတယ်။ ပုံမှာပြထားတဲ့အနေအထားနဲ့ စက္ကန့် ၃၀ နေပြီးမှ တစ်ဖက်ကိုပြောင်းလုပ်ရမှာပါ။ အနည်းဆုံး တစ်ဖက်ကို ၁၅ ကြိမ်စီ လုပ်ပေးရပါမယ်။

နောက်ဆုံးလေ့ကျင့်ခန်းကတော့ ရေသန့်ဘူးထဲကို ရေအပြည့်ထည့်ပြီး ပုံမှာပြထားတဲ့အတိုင်း လက်မှာကိုင်ပြီး အပေါ်ကိုမြှောက်လိုက်၊ ခေါင်းနောက်ကိုထားလိုက်နဲ့ လုပ်ပေးရမှာပါ။ Position တစ်ခုစီပြောင်းတိုင်းမှာ ချက်ချင်းမပြောင်းပဲ စက္ကန့် ၃၀ နေပေးပြီးမှပြောင်းပါ။ အဲ့အတိုင်း အကြိမ် ၃၀ လုပ်ပေးရင်ရပါပြီ။

ဒီလေ့ကျင့်ခန်း ၅ မျိုးကို နေ့တိုင်း အချိန်ပေးပြီး လုပ်သွားမယ်ဆိုရင်တော့ လက်မောင်းလျော့တွဲကျနေတာတွေ သက်သာပြီး လက်မောင်းကျစ်လစ်ကာ သေးသွားပါလိမ့်မယ်။ လုပ်တာကြာလာရင် အကြိမ်အရေအတွက်ကို တိုးတိုးပြီးသာလုပ်ပေးပါ။