ဂျင်းဘောင်းဘီက ပေါ့ပေါ့ပါးပါးနဲ့ လွတ်လွတ်လပ်လပ် ဝတ်ဆင်နိုင်တဲ့အတွက်ကြောင့် ယောကျာ်း၊ မိန်းမ မရွေး ကြိုက်နှစ်သက်ကြတဲ့ ဖက်ရှင်တစ်မျိုးပဲဖြစ်ပါတယ်။ စတိုင်လ်ကျတဲ့အပြင် အကြမ်းခံတဲ့အတွက် ယနေ့ခေတ်အချိန်မှာ အားလုံးရဲ့ ရွေးချယ်မှုက ဂျင်းဘောင်းဘီမှ ဂျင်းဘောင်းဘီဖြစ်နေကြတာပါ။

ပေါ့ပါးလွတ်လပ်ပြီး စတိုင်လ်ကျတဲ့ ဂျင်းဘောင်းဘီနဲ့ အလိုက်ဖက်ဆုံးအရောင်ကတော့ အဖြူရောင်ပဲဖြစ်ပါတယ်။ ဂျင်းဘောင်းဘီကို အင်္ကျီအဖြူရောင်လေးနဲ့ တွဲဖက်ဝတ်ဆင်လိုက်မယ်ဆိုရင် ရှင်းသန့်တောက်ပြောင်တဲ့ ဖက်ရှင်စတိုင်လ်လေးကို ပိုင်ဆိုင်နိုင်မှာပဲဖြစ်ပါတယ်။

ပူအိုက်တဲ့ရာသီတွေမှာဆိုရင် အပူစုပ်တဲ့ အင်္ကျီအမဲနဲ့ အရောင်ရင့်တဲ့အင်္ကျီတွေထက်စာရင် အဖြူရောင်၊ ဒါမှမဟုတ် အရောင်နုအင်္ကျီလေးတွေကို ဦးစားပေးရွေးချယ်သင့်ပါတယ်။

ပျိုမေလေးတို့လည်း အမြဲတမ်း တီရှပ်တွေနဲ့ချည်း ဂျင်းဘောင်းဘီကို တွဲဖက်ဝတ်ဆင်ရတာ ရိုးလာပြီဆိုရင် အလန်းစားစတိုင်လ်ကို ပိုင်ဆိုင်နိုင်ဖို့အတွက် ကြိုးတစ်လုံးအကျီလေးတွေနဲ့တွဲဝတ်နိုင်တဲ့ အမိုက်စားဖက်ရှင်လေးတွေကို စုစည်းဖော်ပြပေးလိုက်ပါတယ်။

Source: Pinterest