ကိုယ်တိုင်စက်ချုပ်တတ်တဲ့သူတွေက သူများထက် တစ်ပန်းသာပါတယ်။ ကိုယ့်အတွက် ကိုယ့်စိတ်ကြိုက် အဝတ်အစားလေးတွေ ချုပ်ဝတ်လို့ရတာပေါ့။ ဒါကြောင့် စက်ချုပ်တတ်ရင် ကိုယ့်ဘာသာကိုယ် အလှဆုံးတွေဖြစ်အောင် ချုပ်ဝတ်ကြည့်ပါ။ မြန်မာဝတ်စုံလေးတွေတင်မဟုတ်ပဲ တခြားဟာလေးတွေလည်း ချုပ်ဝတ်လို့ရတာပဲလေ။ ဒါကြောင့် ကိုယ်တိုင်ချုပ်ဝတ်လို့ရအောင် ချစ်စရာအကောင်းဆုံး စကပ်နဲ့အင်္ကျီဒီဇိုင်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။ ဒါလေးတွေကိုကြည့်ပြီး ချုပ်ဝတ်ဖို့ အိုင်ဒီယာလေး ရသွားမှာပါ။

အဖြူရောင်ကို ဒီလိုလက်ပြတ်လေးချုပ်ပြီး စကပ်ကိုလည်း အတွန့်လေးချုပ်တာက အရမ်းချစ်စရာကောင်းပါတယ်။ အခုလိုနွေရာသီနဲ့တော့ အသင့်တော်ဆုံးပဲပေါ့။

ပိတ်ဖောက်ဇာလေးတွေကို ပိတ်စဝယ်ပြီး ဒီလိုဝမ်းဆက်လေးချုပ်ဝတ်ကြည့်ပါ။ အရမ်းချစ်စရာကောင်းပါတယ်။

စကပ်အတိုတွေမဝတ်ချင်ရင် စကပ်အရှည်ကို အကားလေးချုပ်ပြီး ချစ်စရာကောင်းအောင် ဒီလိုပုံလေး ချုပ်လို့ရပါတယ်နော်။

ဒီလိုအပွင့်ပိတ်စလေးတွေကိုဝယ်ပြီးတော့လည်း ချစ်စရာကောင်းအောင် အတွန့်လေးတွေထည့်ချုပ်လို့လည်း ရပါတယ်။ စကပ်မဝတ်ချင်ရင် ဒီလိုဘောင်းဘီလေး ချုပ်ဝတ်ပေါ့။

နွေရာသီအတွက် ပေါ့ပေါ့ပါးပါးလေးဖြစ်အောင် စကပ်ကို သားရေကြိုးနဲ့ အကားလေးချုပ်ပြီး အင်္ကျီကို ကြိုးတစ်လုံးလေးချုပ်ဝတ်ပါ။ ဒီပုံစံဒီဇိုင်းလေးဆိုရင်တော့ ကမ်းခြေတွေသွားလည်း ဝတ်လို့ရတာပေါ့။

ပိတ်စအတွက်လေးတွေနဲ့ ဒီလိုပုံလေးလည်း ချုပ်ဝတ်လို့ရပါတယ်။

Shoulder Off လေးတွေဝတ်ရတာကြိုက်ရင် ဒီလိုပုံလေး ချုပ်ဝတ်လို့ရပါတယ်။ ဘယ်အချိန်ဝတ်ဝတ် ချစ်ဖို့ကောင်းနေမယ့် ဒီဇိုင်းလေးပါ။

Photo Source: www.pinterest.com